International: အာဆင်နယ် ကစားသမားများနှင့် တွေ့ဆုံခဲ့သည့် ဂျက်စတင်ဘီဘာ

ကမ္ဘာ့လှည့်ဖျော်ဖြေပွဲလုပ်နေတဲ့ ဂျက်စတင်ဘီဘာက လန်ဒန်ကို ရောက်နေတာ ဖြစ်ပါတယ်။

play

 

ကမ္ဘာလှည့်ဖျော်ဖြေပွဲ ကျင်းပနေတဲ့ ပေါ့စတား ဂျက်စတင်ဘီဘာဟာ လန်ဒန်ကို ရောက်ခိုက်မှာ အာဆင်နယ်အသင်း ကစားသမားတွေနဲ့ တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။

play

 

အာဆင်နယ်အသင်း လေ့ကျင့်ရေးကွင်းကို ရောက်လာတဲ့ ဂျက်စတင်ဘီဘာဟာ အသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ အိုဇေး၊ ချိန်ဘာလိန်တို့နဲ့ တွေ့ဆုံခဲ့သေးကြောင်း သိရပါတယ်။ အိုဇေးနဲ့ ဂျက်စတင်ဘီဘာဟာ ပြီးခဲ့တဲ့ အောက်တိုဘ ၁၅ ရက်နေ့ညကလည်း လန်ဒန်မြို့ နာမည်ကြီးနိုက်ကလပ်မှာ ပါတီပွဲ အတူဆင်နွှဲခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

play

 

ဂျက်စတင်ဘီဘာဟာ လန်ဒန်မြို့မှာ ဖျော်ဖြေပွဲ ကျင်းပပြီးနောက် Tape နိုက်ကလပ်ပါတီပွဲကို သွားခဲ့တာဖြစ်ပါတယ်။

play

 

ပါတီပွဲပြီးနောက်တစ်နေ့မှာ ဂျက်စတင်ဘီဘာက အာဆင်နယ်လေ့ကျင့်ရေးကွင်းကို သွားရောက်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ကစားသမားတွေနဲ့ တွေ့ဆုံတာဟာ ဂျက်စတင်ဘီဘာရဲ့ ကမ္ဘာလှည့်ဖျော်ဖြေပွဲ ပုံရိပ်မြှင့်တင်ရေးတစ်စိပ်တစ်ပိုင်း ဖြစ်ပါတယ်။

Source : Daily  Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ