International: ဂိုးပြတ်နိုင်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ်မှာ ပွဲတိုင်းနိုင်ပွဲရနေတဲ့ လက်စတာ

လက်စတာအသင်းကတော့ အုပ်စုကနေ နောက်တစ်ဆင့်ကို တက်လှမ်းဖို့ သေချာသလောက် ဖြစ်နေပါပြီ။

play

 

ချန်ပီယံလိဂ် အုပ်စုအဆင့်ပြိုင်ပွဲ တတိယပွဲစဉ်တွေကို ယနေ့မနက်အစောပိုင်းက ယှဉ်ပြိုင်ခဲ့ကြပြီးနောက် ဂျူဗင်တပ်၊ လက်စတာနဲ့ ရီးရဲလ်မက်ဒရစ်တို့ နိုင်ပွဲအသီးသီးရသွားခဲ့ပါတယ်။

အသင်းငယ် လီဂျီယာဝါဆောအသင်းနဲ့ ရင်ဆိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်က ၅-၁  ဂိုးနဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။ ပထမပိုင်းမှာတင် ရီးရဲလ်မက်ဒရစ်က သုံးဂိုးရခဲ့ပြီး ဒုတိယပိုင်းမှာ မိုရာတာ၊ ဗက်ကွက်စ်တို့ရဲ့ ဂိုးတွေနဲ့ နိုင်ပွဲသေချာစေခဲ့တာပါ။ ဒီနိုင်ပွဲကြောင့် ရီးရဲလ်မက်ဒရစ်ဟာ သုံးပွဲကစားပြီး ရမှတ် ၇ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

play

 

အိုလံပီယာကို့စ် ကွင်းမှာသွားရောက်ကစားခဲ့ရတဲ့ ဂျုဗင်တပ်ကလည်း ဒုတိယပိုင်းမှာ ကွာဒွါဒိုသွင်းယူတဲ့ တစ်လုံးတည်းသောဂိုးနဲ့ နိုင်ပွဲ ရခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် ဂျူဗင်တပ်လည်း အုပ်စုကို ဆက်လက်ဦးဆောင်ထားနိုင်ခဲ့တာပါ။

play

 

ပရီးမီးယားလိဂ်မှာ ရလဒ်တွေကောင်းဖို့ ရုန်းကန်နေရတဲ့ လက်စတာက ချန်ပီယံလိဂ်မှာတော့ အံ့အားသင့်ဖွယ်ကောင်းအောင် ရလဒ်တွေ ကောင်းနေပါတယ်။ မာရက်ဇ်ရဲ့ တစ်လုံးတည်းသောဂိုးနဲ့ လက်စတာအနိုင်ရခဲ့လို့ သုံးပွဲအတွင်းကိုးမှတ်ရကာ အုပ်စုအဆင့်ကတက်ဖို့ သေချာသလောက် ဖြစ်သွားခဲ့ပါပြီ။

play

 

စပါးအသင်းကတော့ ဂျာမန်ကလပ် လေဗာကူဆင်အသင်း အိမ်ကွင်းမှာ ဂိုးမရှိသရရေလဒ် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

Source : Daily Mail/ Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ