International: မက်ဆီအတွက် မန်စီးတီးဘက်က အမြဲတံခါးဖွင့်ထားဟု ဂါဒီယိုလာပြော

မက်ဆီကို မန်စီးတီးရောက်လာစေချင်တယ်လို့ ဂွါဒီယိုလာက ပြောပါတယ်။

play

 

ဒီတစ်ပတ် ချန်ပီယံလိဂ်မှာ ဘာစီလိုနာအသင်းနဲ့ ရင်ဆိုင်ရမယ့် ပွဲမတိုင်ခင် မန်စီးတီးနည်းပြ ဂွါဒီယိုလာက မက်ဆီကို ခေါ်ယူချင်ကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။ ချန်ပီယံလိဂ် အုပ်စုတတိယမြောက် ပွဲစဉ်အဖြစ် ဘာစီလိုနာ အိမ်ကွင်းမှာ မန်စီးတီး သွားရောက် ကစားရမှာ ဖြစ်ပါတယ်။

play

 

မန်စီးတီးကို ရောက်လာခဲ့ကတည်းက ဘာစီလိုနာအသင်း  ကြယ်ပွင့်ကစားသမား မက်ဆီကို ခေါ်ယူဖို့ တစ်ခါမှ မကြိုးစားခဲ့ရသေးဘူးလို့ ဂွါဒီယိုလာက ပြောခဲ့ပါတယ်။ ဒါပေမဲ့လည်း မန်စီးတီးဘက်ကတော့ မက်ဆီအတွက်အမြဲ တံခါဖွင့်ထားကြောင်း ဂွါဒီယိုလာက ပြောပါတယ်။ မက်ဆီအနေနဲ့ တစ်ချိန်ချိန်မှာ ဘာစီလိုနာက ထွက်ပြီး အခြားနေရာတစ်ခုခုမှာ ပြောင်းလဲ ကစားဖို့ စဉ်းစားလာနိုင်ကြောင်းလည်း ဂွါဒီယိုလာက ပြောပါတယ်။

play

 

" တစ်နေ့နေ့မှာ သူအခြားတစ်နေရာမှာ ပြောင်းလဲ ကစားဖို့ စဉ်းစားလာနိုင်ပါတယ်။ ဥပမာ သူ့ရဲ့ကလေးတွေကို အင်္ဂလိပ်စကား ပြောစေချင်တဲ့အတွက် ဆိုတာမျိုးပေါ့။ ဒါပေမဲ့ သူပရီးမီးယားလိဂ် လာမယ်ဆိုရင်လည်း အနည်းဆုံး ခြောက်သင်းလောက်က ခေါ်ယူဖို့ ကြိုးစားကြမှာပါပဲ" လို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ဆိုပါတယ်။

ဂွါဒီယိုလာဟာ ဘိုင်ယန်မြူးနစ်နည်းပြဘဝတုန်းက ဘာစီလိုနာကို ချန်ပီယံလိဂ်မှာ ပြန်လည်ရင်ဆိုင်ခဲ့ရပြီး အဲဒီတုန်းက မက်ဆီရဲ့သွင်းဂိုးတွေကြောင့် ဘိုင်ယန်မြူးနစ် ရှုံးနိမ့်ခဲ့ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ