International: ဘာစီလိုနာ - မန်စီးတီး ချန်ပီယံလိဂ်ပွဲမှ စိတ်ဝင်စားစရာ အချက် (၅) ချက်

ဒီည ကစားမယ့်ချန်ပီယံလိဂ်ပြိုင်ပွဲတွေထဲမှာ စိတ်ဝင်စားစရာ အကောင်းဆုံးပွဲစဉ်ပါ။

play

 

ဒီတစ်ပတ် ချန်ပီယံလိဂ် ပွဲစဉ်တွေထဲမှာ စိတ်ဝင်စားစရာ အကောင်းဆုံးက ဘာစီလိုနာနဲ့ မန်စီးတီးရဲ့ ပွဲစဉ်ဖြစ်ပါတယ်။ ဂွါဒီယိုလာကြောင့် ပိုပြီးစိတ်ဝင်စားစရာ ကောင်းနေတဲ့ ပွဲလည်းဖြစ်ပါတယ်။

ဒီပွဲကို ပိုပြီးစိတ်ဝင်စားစရာဖြစ်အောင် ဖြစ်စေတဲ့ အချက် (၅) ချက်ရှိပါတယ်။

၁။ ဂွါဒီယိုလာ

play

 

ဘာစီလိုနာသမိုင်းမှာ ဖလား ၁၄ လုံးယူပြီး အောင်မြင်မှု အရခဲ့ဆုံးနည်းပြ ဂွါဒီယိုလာဟာ ဘာစီလိုနာရဲ့ ဂန္တဝင်တစ်ယောက်ပါ။  မန်စီးတီးနဲ့အတူ ဘာစီလိုနာကို ပြန်ရင်ဆိုင်မယ့် ဂွါဒီယိုလာဟာ နူးကမ့်ကွင်းကို ပြန်သွားရမှာဖြစ်လို့ စိတ်လှုပ်ရှားစရာပါ။

၂။ ဂိုးသမား ဘရာဗို

play

 

ဂိုးသမား ဘရာဗိုလည်း ဂွါဒီယိုလာလိုပါပဲ။ သူ့ရဲ့အသင်းဖော်တွေဖြစ်ခဲ့တဲ့ ဘာစီလိုနာ ကစားသမားတွေကို ပြန်ရင်ဆိုင်ရမှာပါ။ ဒါတင်မကဘဲ

ဘာစီလိုနာအသင်း ထိပ်ပိုင်းအရာရှိဟောင်းတွေဖြစ်တဲ့ ဘီဂရီစတိန်းနဲ့ ဆိုရီယာနိုတို့လည်း သူတို့ ကျင်လည်ခဲ့တဲ့ နူးကမ့်မြေကို ပြန်ချေချရမှာပါ။

၃။ ကစားပုံ

play

 

လက်ရှိ နည်းပြ အင်းနရစ်အောက်က ဘာစီလိုနာဟာ ဂွါဒီယိုလာရှိစဉ်ကလို ကစားပုံရော၊ ရလဒ်ပါ ကောင်းမြဲ ကောင်းဆဲပါပဲ။ အခု မန်စီးတီးကိုလည်း ဘာစီလိုနာလို ကစားပုံမျိုး ဂွါဒီယိုလာ တည်ဆောက်ထားပါတယ်။ ကစားပုံတူတဲ့ အသင်းနှစ်သင်း တွေ့ရပါပြီ။

၎။ တိုက်စစ်

play

 

ဆွာရက်ဇ်၊ မက်ဆီ၊ နေမာဟာ ကမ္ဘာ့အကောင်ဆုံးတိုက်စစ်ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဘရိုင်း၊ အဂူရိုနဲ့ စတာလင်တို့ ပွဲထွက်လာမယ့် တိုက်စစ်ကလည်း ထိပ်တန်းအဆင့်မျိုးမှာရှိနေပါတယ်။ ဘာစီလိုနာကို ဂိုးလုံးဝ မရနိုင်လောက်တဲ့ တိုက်စစ်မဟုတ်ပါဘူး။

၅။ အမှတ်လိုအပ်ချက်

play

 

လက်ရှိအခြေအနေအရ မန်စီးတီးက လေးမှတ်သာရထားလို့ ပိုပြီး အမှတ်လိုနေပါတယ်။ ဒါပေမဲ့ မန်စီးတီးဟာ ပရီးမီးယားလိဂ်ကိုလည်း ပြန်ပြီး အာရုံစိုက်ရဦးမှာဖြစ်လို့ ဒီပွဲကို ဖောင်ဖျက်ပြီး အနိုင်ရဖို့ အတင်းရုန်းကန်ကစားမှာ မဟုတ်ပါဘူး။ အမှတ်ပိုလိုနေတယ်ဆိုပေမဲ့ မန်စီးတီး ဒီပွဲကို အနိုင်ရဖို့ အားကုန်ရုန်းကန်လိုက်ရင်ပရီးမီးယားလိဂ်မှာ အခက်တွေ့မှာပါ။

Source : BTsport

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ