International: မက်ဆီ ဟက်ထရစ်သွင်းနိုင်ခဲ့ပြီး မန်စီးတီး ဂိုးပြတ် ရှုံးနိမ့်

မန်စီးတီး ဂိုးသမား ဘရာဗိုလည်း အနီကတ်နဲ့ ထွက်ခဲ့ရပါတယ်။

play

 

ချန်ပီယံလိဂ် အုပ်စုအဆင့် တတိယပွဲစဉ်မှာ မန်စီးတီးအသင်းဟာ ဘာစီလိုနာ  အိမ်ကွင်းမှာ ဂိုးပြတ်အရေးနိမ့်သွားခဲ့ပါတယ်။ ဘာစီလိုနာ နည်းပြဟောင်း ဂွါဒီယိုလာလည်း အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်ရာမှာ မလှမပ ဖြစ်ခဲ့ရပါတယ်။

play

 

မန်စီးတီးအတွက် နောက်ထပ် ထိုးနှက်ချက် တစ်ရပ်ကတော့ ဂိုးသမား ဘရာဗို ဒီပွဲမှာ စည်းကမ်းဖောက်ဖျက်လို့ အနီကတ်ပြစ်ဒဏ်ကို ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ဒဏ်ရာက အပြည့်အဝ ပြန်သက်သာလာပြီဖြစ်တဲ့ မက်ဆီရဲ့ ခြေစွမ်းဟာ မန်စီးတီး ကို ရှုံးနိမ့်စေခဲ့တဲ့ အဓိက အကြောင်းရင်း တစ်ခုဖြစ်ပါတယ်။ ပွဲချိန် ၁၇ မိနစ်မှာ အင်နီယေစတာရဲ့ အကွက်မြင်မြင် ပြန်ချပေးမှုကတစ်ဆင့် မက်ဆီက ဂိုးသမား ဘရာဗိုကိုပါ လိမ်ခေါက်ပြီး သွင်းယူခဲ့တာဖြစ်ပါတယ်။

ဂိုးပေးလိုက်ပြီးနောက် ပထမပိုင်းမပြီးခင်အထိ မန်စီးတီးအသင်းဘက်က ဂိုးရဖို့ ပြန်လည်တိုက်စစ်ဆင်နိုင်ခဲ့ပေမဲ့ လိုအပ်တဲ့ ဂိုးတော့မရခဲ့ပါဘူး။ ဒုတိယပိုင်းပြန်စတဲ့အချိန်မှာ ဂိုးဧရိယာအပြင်ဘက် တက်ပြီးဘောလုံးတက်ဖျက်တဲ့ မန်စီးတီး ဂိုးသမား ဘရာဗိုက ဆွာရက်ဇ်လှမ်းကန်လိုက်တဲ့ဘောလုံးကို ဂိုးဧရိယာအပြင်မှာ လက်နဲ့ပုပ်လိုက်လို့ အနီကတ်ပြခံခဲ့ရပါတယ်။

play

 

အဲဒီနောက် ၆၁ မိနစ်မှာတစ်ကြိမ် ၆၉ မိနစ်မှာ တစ်ကြိမ် မက်ဆီက ဂိုးထပ်သွင်းခဲ့လို့ မန်စီးတီး ရှုံးဖို့ သေချာသွားခဲ့ပါတယ်။  ဘာစီလိုနာဘက်က မက်သရူးလည်း နှစ်ဝါတစ်နီနဲ့ အထုတ်ခံခဲ့ရပါသေးတယ်။

play

 

၈၇ မိနစ်မှာရတဲ့ ပင်နယ်တီကို နေမာ ကန်သွင်းရာမှာ မဝင်ခဲ့ပေမဲ့ ၈၉ မိနစ်မှာ နေမာကပဲ နောက်ထပ် တစ်ဂိုးသွင်းနိုင်ခဲ့လို့ ဘာစီလိုနာဟာ အုပ်စုထိပ်ဆုံးမှာ ရာနှုန်းပြည့်နိုင်ပွဲနဲ့ ရပ်တည်နိုင်ခဲ့ပါတယ်။

Souce : Goal/ Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ