International: ဘာစီလိုနာ ၄-၀ မန်စီးတီး ပွဲအပြီး လေ့လာစရာ အချက် (၅) ချက်

မန်စီးတီးဟာ ပွဲကို အပြောင်းအလဲ ဖြစ်သွားစေမယ့် အမှားအယွင်းနှစ်ခုကို လုပ်ခဲ့မိပါတယ်။

play

 

လီယိုနယ်မက်ဆီရဲ့ ဟက်ထရစ်ဂိုးတွေကို ခွင့်ပြုပေးလိုက်ပြီးနောက် မန်စီးတီးဟာ ဘာစီလိုနာနဲ့တွေ့ဆုံခိုက်မှာ ပရိသတ်မျှော်လင့်သလောက် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ဘာစီလိုနာကို မန်စီးတီး ရှုံးနိမ့်ခဲ့ပြီးနောက် ရလာတဲ့ လေ့လာစရာ အချက် (၅) ချက်ရှိပါတယ်။

၁။ အမှားကြီးမှားခဲ့တဲ့ ဘရာဗို

play

 

ပထမပိုင်းမှာ ဘာစီလိုနာကို တစ်ဂိုးသာ ပေးခဲ့ရတဲ့အတွက် မန်စီးတီးဟာ ဒုတိယပိုင်းပြန်စတော့ မျှော်လင့်ချက် ရှိခဲ့ပါသေးတယ်။ ဒါပေမဲ့ ဂိုးသမားဘရာဗိုက ဂိုးဧရိယာအပြင်ထွက်ကာ ဘောလုံးကို လက်နဲ့ ဖမ်းပုပ်ခဲ့တဲ့အတွက် အနီကတ်ပြခံရပြီး ထွက်ခဲ့ရပါတယ်။ ဘရာဗိုရဲ့ ကြီးမားတဲ့ အမှားဟာ မန်စီးတီးအတွက် ခုခံလို့မရတဲ့ အမှားဖြစ်သွားခဲ့ပါတယ်။

၂။ အကောင်းဆုံးဆိုတာ သက်သေပြလိုက်တဲ့ မက်ဆီ

play

 

ဒဏ်ရာက ပြန်သက်သာလာပြီဖြစ်တဲ့ မက်ဆီရဲ့ ခြေစွမ်းကို ဒီပွဲမှာ မျက်ဝါးထင်ထင် မြင်ခဲ့ရပါပြီ။ မက်ဆီသွင်းယူသွားတဲ့ ဂိုးတွေကို ကြည့်ရင် သူဟာ အကောင်းဆုံး ဘောလုံးသမား ဖြစ်နေသေးတယ်ဆိုတာ သက်သေပြလိုက်တာပါပဲ။ ၂၀၁၆ ခုနှစ်ထဲမှာ ရော်နယ်ဒိုက အောင်မြင်မှု များစွာရသူဖြစ်ပေမဲ့ မက်ဆီလည်း ခြေစွမ်းက အကောင်းဆုံးဖြစ်နေသေးတယ်ဆိုတာ ဂိုးတွေက သက်သေပြနေပါတယ်။

၃။ ခံစစ်ပြင်ရမည့် မန်စီးတီး

play

 

ဘာစီလိုနာတိုက်စစ်ရဲ့ အကောင်းဆုံး စွမ်းဆောင်မှုကြောင့် မန်စီးတီး လေးဂိုးအထိပေးခဲ့ရတယ်လို့ ဆိုနိုင်ပါတယ်။ အော့တာမန်ဒီရဲ့ အမှားကတစ်ဆင့် မက်ဆီဂိုးရခဲ့သလို၊ ဂျွန်စတုန်းရဲ့ အမှားကြောင့်လည်း ဆွာရက်ဇ် ဂိုးရခဲ့မလို ဖြစ်ခဲ့ပါသေးတယ်။ ပရီးမီးယားလိဂ်မှလည်း ပွဲတိုင်းနီးပါး ဂိုးပေးနေရတဲ့အတွက် မန်စီးတီး ခံစစ်ပြင်ဖို့ လိုပါပြီ။

၎။ အားကိုရတဲ့ အမ်တီတီ

အမ်တီတီဟာ ကမ္ဘာ့အကောင်းဆုံး နောက်ခံလူဖြစ်လာမယ်ဆိုတာ ဒီပွဲခြေစွမ်းက သက်သေပြသွားပါတယ်။ မာရှေယာနို ခြေစွမ်းအနည်းငယ် ပျက်ခဲ့ပြီး မက်သရူးက မမျှော်လင့်ဘဲ အနီကတ်ပြခံလိုက်ရတဲ့ အချိန်မှာ အမ်တီတီက  အကောင်းဆုံး ထိန်းသိမ်းသွားနိုင်ခဲ့ပါတယ်။

၅။ ကံမျက်နှာသာ မရခဲ့တဲ့ မန်စီးတီး

play

 

ဘာစီလိုနာကို ပေးလိုက်ရတဲ့ ပထမဂိုးဟာ ဖာနန်ဒင်ဟို ချော်လဲသွားခဲ့လို့ မက်ဆီ လွယ်လွယ်ကူကူ သွင်းနိုင်ခဲ့တာပါ။ နောက်တစ်ခါ ဘရာဗိုလည်းမထင်မှတ်ဘဲ အန္တရာယ်မရှိတဲ့ ဘောလုံးကို အပြင်ထွက်ပုတ်လိုက်လို့ အနီကတ် ပြခံခဲ့ရပါတယ်။ အဲဒီနောက် ဂိုးတွေ ဆက်တိုက်ပေးလိုက်ရတာပါ။ ဒီအမှားနှစ်ခုသာ မရှိခဲ့ရင် ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်း အလုပ်ဖြစ်ချင်ဖြစ်သွားနိုင်ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ