International: ချန်ပီယံလိဂ်မှာ အာဆင်နယ် ဂိုးဒါဇင်ဝက်နဲ့ အနိုင်ရတဲ့ပွဲအပြီး လေ့လာစရာ အချက် (၅) ချက်

အာဆင်နယ်က ဒီရာသီမှာ အကောင်းဆုံးပုံစံကို ရရှိထားပါတယ်။

play

 

ချန်ပီယံလိဂ် ပြိုင်ပွဲမှာ လူဒိုဂိုရက်အသင်းကို အာဆင်နယ်က ဂိုးဒါဇင်ဝက်နဲ့ အနိုင်ရခဲ့ပြီးနောက် နည်းပြအာစင်ဝင်းဂါးအတွက်လည်း မျက်နှာပန်းလှခဲ့ပါတယ်။ အာဆင်နယ်ဟာ ဒီနှစ်ဘောလုံးရာသီမှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ များစွာတိုးတက်ပြောင်းလဲ လာတယ်လို့တောင် အာစင်ဝင်းဂါက ပွဲအပြီး ထုတ်ပြောခဲ့ပါသေးတယ်။

ဒီပွဲအပြီး လေ့လာစရာ အချက် (၅) ချက် ရှိပါတယ်။

၁။ ဆန်းချက်ဇ်

play

 

အာဆင်နယ်အတွက်ဆန်းချက်ဇ် အရေးပါပုံကို ဒီပွဲက သက်သေထပ်ပြလိုက်ပါတယ်။ ဆန်းချက်ဇ်ရဲ့ စာချုပ်ဟာ ၁၈ လပဲ ကျန်တော့တာဖြစ်လို့ အာဆင်နယ် စာချုပ်သစ်ချုပ်ဖို့ ကြိုးပမ်းသင့်ပါတယ်။ အာဆင်နယ် အောင်မြင်မှု ယူမယ်ဆိုရင် ဆန်းချက်ဇ်ဟာ လက်လွှတ်လို့မရတဲ့ ကစားသမား ဖြစ်နေပါတယ်။

၂။ ချန်ပီယံလိဂ်မှာ အိမ်ကွင်းကောင်းတဲ့ အာဆင်နယ်

play

 

အာဆင်နယ်ဟာ ချန်ပီယံလိဂ်ကို အမ်းမရိတ်ကွင်းမှာ ကစားခဲ့တာ ပွဲပေါင်း ၄၀ ရှိခဲ့ပြီဖြစ်ပြီး သုံးပွဲသာ ရှုံးနိမ့်ခဲ့ပါတယ်။ ခြောက်ပွဲသရေကျပြီး ကျန် ၃၁ ပွဲကို အနိုင်ရထားပါတယ်။

၃။ အကောင်းဆုံး ဖြစ်နေဆဲ ဝဲလ်ကော့

play

 

ဒီရာသီမှာ ထူးထူးခြားခြား ဝဲလ်ကော့ရဲ့ခြေစွမ်း ထိပ်ဆုံးကို ရောက်လာတာဟာ မရပ်တန့်သေးပါဘူး။ အာဆင်နယ်တစ်သင်းလုံး ခြေစွမ်း တည်ငြိမ်နေတာထက်ကို ဝဲလ်ကော့ရဲ့ခြေစွမ်း ပိုတည်ငြိမ်နေတယ်လို့ ဆိုနိုင်ပါတယ်။ ဒီလိုအကောင်းဆုံးတွေ စုစည်းနေတဲ့ အချိန်ဖြစ်လို့ အာဆင်နယ်ဒီနှစ် အောင်မြင်မှု တစ်ခုခုရဖို့ နီးစပ်နေပါတယ်။

၎။ ချိန်ဘာလိန်ကို အခွင့်အရေးပေးတဲ့ အာစင်ဝင်းဂါး

play

 

ချိန်ဘာလိန်ဟာ မကြာသေးခင်ကတော့ အသင်းနဲ့ အနာဂတ်မသေချာတော့ဘူးဆိုတာ အရိပ်အမြွက်ပြောခဲ့သူပါ။ အကြောင်းကတော့ ပွဲထွက်ခွင့် ပုံမှန်မရတာကြောင့်ဖြစ်ပါတယ်။ ဒါကိုသိတဲ့ အာစင်ဝင်းဂါးက ချန်ပီယံလိဂ်မှာ ထည့်သွင်းလိုက်တဲ့အချိန် ချိန်ဘာလိန်က သက်သေပြဖို့ ကြိုးစားရင်း ဂိုးပါသွင်းနိုင်ခဲ့ပါတယ်။

၅။ ဂျီရုဒ်ကြောင့် အခွင့်အရေးရနေတဲ့ အိုဇေးလ်

play

 

ဂျီရုဒ်နားနေရတဲ့ အချိန်မှာ အိုဇေးလ်ဟာ တိုက်စစ်ကို လိုက်ပါကစားခွင့် ရပါတယ်။ ဒါကြောင့်ပဲ ဒီပွဲမှာ အိုဇေးလ်က ဟက်ထရစ်ရှင် ဖြစ်လာခဲ့တာပါ။ ဂျီရုဒ်အတွက် အခက်အခဲဟာ အိုဇေးလ်အတွက် အခွင့်အရေး ရလာခဲ့ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ