International: မန်စီးတီးကို သုံးဂိုးသွင်းပြီး ရာအူးလ်၏ စံချိန်ကိုကျော်ဖြတ်လိုက်သည့် မက်ဆီ

ရီးရဲလ်မက်ဒရစ် ကစားသမားဟောင်း ရာအူးလ်ရဲ့ စံချိန်ကိုကျော်ဖြတ်ခဲ့တာပါ။

play

 

မန်စီးတီးအသင်းဘက်ကို ဟက်ထရစ်သွင်းနိုင်ခဲ့တဲ့ ဘာစီလိုနာ ကစားသမား မက်ဆီဟာ ချန်ပီယံလိဂ်မှာ နောက်ထပ် စံချိန်သစ်တစ်ခု ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

play

 

ဒီပွဲစဉ်မှာ မက်ဆီက သုံးဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် အိမ်ကွင်းမှာ ဂိုး ၅၀ ပြည့်အောင် သွင်းနိုင်တဲ့ ကစားသမားဖြစ်လာပါတယ်။ မက်ဆီဟာ ချန်ပီယံလိဂ် ပွဲစဉ်တွေတစ်လျှောက် အိမ်ကွင်းမှာ ဂိုးအများဆုံး သွင်းနိုင်တဲ့ ကစားသမားလည်းဖြစ်ပါတယ်။ မက်ဆီအရင်က ဒီစံချိန်ကို တင်ထားခဲ့သူဟာ ဘာစီလိုနာအသင်း ပြိုင်ဘက် ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူးဟောင်း ရာအူးလ်ဖြစ်ပါတယ်။

play

 

ရာအူးလ်က ချန်ပီယံလိဂ် ပြိုင်ပွဲတစ်လျှောက် အိမ်ကွင်းပွဲစဉ်တွေမှာ သွင်းယူခဲ့တဲ့ ဂိုးက ၄၉ ဂိုးအထိ ရှိခဲ့ပါတယ်။ အခု မန်စီးတီးကို ဟက်ထရစ်သွင်းခဲ့တဲ့ မက်ဆီက ရာအူးလ်ရဲ့စံချိန်ကို ကျော်ဖြတ်ခဲ့တာဖြစ်ပါတယ်။ အခု မက်ဆီရဲ့ ဘာစီလိုနာအသင်းက ချန်ပီယံလိဂ် အုပ်စုအတွင်းမှာ မန်စီးတီးကို ငါးမှတ်ဖြတ်ပြီးဦးဆောင်နိုင်ခဲ့ပါပြီ။

Source : 101greatgoals

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ