International: ဥရောပလိဂ် ရွှေဖိနပ်ဆုကို ဆွာရက်ဇ် လက်ခံရယူ

တိုက်စစ်မှူး ဆွာရက်ဇ်ဟာ ဘာစီလိုနာကို ၂၀၁၄ ခုနှစ်မှာ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ယမန်နှစ် စပိန်လာလီဂါမှာ ဂိုး ၄၀ သွင်းယူခဲ့ပါတယ်။

play


ဘာစီလိုနာအသင်းမှ ဥရုဂွေးတိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ်က ဥရောပလိဂ် ဘောလုံးပြိုင်ပွဲများရဲ့ ယမန်နှစ် (၂၀၁၅-၁၆) ဘောလုံးရာသီ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရွှေဖိနပ်ဆုကို အောက်တိုဘာ ၂၀ ရက်က လက်ခံရယူခဲ့ပါတယ်။

play


လီဗာပူးအသင်း တိုက်စစ်မှူးဟောင်း ဆွာရက်ဇ်ဟာ ဘာစီလိုနာကို ၂၀၁၄ ခုနှစ်မှာ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ယမန်နှစ် စပိန်လာလီဂါမှာ ဂိုး ၄၀ သွင်းယူခဲ့ပါတယ်။

play


ယမန်နှစ် ဘောလုံးရာသီမှာ ဆွာရက်ဇ်က ဂိုး ၄၀ ဖြင့် အများဆုံးဖြစ်ခဲ့ပြီး ဒုတိယနေရာမှာ နာပိုလီတိုက်စစ်မှူး ဟီဂူအင်က ၃၆ ဂိုးနဲ့ တတိယနေရာမှာ ရီးရဲလ်မက်ဒရစ်မှ ခရစ္စတီယာနို ရော်နယ်လ်ဒိုက ၃၅ ဂိုးဖြင့် ရပ်တည်ခဲ့ပါတယ်။

play


တိုက်စစ်မှူး ဆွာရက်ဇ်ဟာ ရွှေဖိနပ်ဆုကို ဒုတိယအကြိမ် ရရှိခဲ့တာလည်းဖြစ်ပြီး ၂၀၁၃-၁၄ ဘောလုံးရာသီမှာလည်း ၃၁ ဂိုး သွင်းယူခဲ့ပြီး ရွှေဖိနပ်ဆုကို ရော်နယ်လ်ဒိုနဲ့အတူ ပူးတွဲရရှိထားခဲ့ကြောင်း သိရပါတယ်။

play


ဥရောပလိဂ် ဘောလုံးပြိုင်ပွဲများမှာ ဂိုးအများဆုံးသွင်းယူတဲ့ ကစားသမားအဖြစ် ရွှေဖိနပ်ဆုကို ရော်နယ်လ်ဒိုက ၄ ကြိမ် ရရှိထားကာ စံချိန်တင်အများဆုံး ဖြစ်ပါတယ်။ ရော်နယ်လ်ဒိုရဲ့နောက်မှာ ဘာစီလိုနာမှ မက်ဆီက ရွှေဖိနပ်ဆုကို ၃ ကြိမ်ရရှိထားကြောင်း သိရပါတယ်။

play


ဘာစီလိုနာအသင်းမှာ ဆွာရက်ဇ်၊ မက်ဆီနဲ့ နေမာတို့ သုံးဦးဟာ ဥရောပအသင်းများကြား ကြောက်စရာအကောင်းဆုံး တိုက်စစ်အတွဲအဖြစ် နာမည်ကျော်နေတာလည်း ဖြစ်ပါတယ်။

၂၀၁၅-၁၆ ဘောလုံးရာသီမှာ ဆွာရက်ဇ်ရဲ့ သွင်းဂိုးများ

ဘာစီလိုနာအတွက် သွင်းဂိုးများ

La Liga: ၄၀
Champions League: ၈
Copa del Rey: ၅
Club World Cup: ၅
UEFA Super Cup: ၁

ဥရုဂွေးအတွက် သွင်းဂိုးများ

World Cup qualifying: ၃

စုစုပေါင်း - ၆၂

Source & Photo: AFP, Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ