International: ပေါ့ဂ်ဘာနှစ်ဂိုးသွင်းပြီး ဖီနာဘာချီကို မန်ယူ ဂိုးပြတ်အနိုင်ရ

မန်ယူအသင်းကစားသမားဟောင်း ဗန်ပါစီက မန်ယူဘက်ကို တစ်ဂိုးပြန်သွင်းနိုင်ခဲ့ပါတယ်။

play

 

ပေါ့ဂ်ဘာ၊ မာရှယ်၊ လင်ဂတ်တို့ရဲ့ သွင်းဂိုးတွေနဲ့ မန်ယူအသင်းက ယူရိုပါလိဂ်မှာ ဖီနာဘာချီအသင်းကို အနိုင်ရရှိခဲ့ပါတယ်။ ပထမပိုင်းမှာတင် ပင်နယ်တီ  လက်ဆောင်ဂိုးနှစ်ဂိုး ရခဲ့တာက ပွဲကို အလှည့်အပြောင်း ဖြစ်စေခဲ့ပါတယ်။

play

 

ဒီပွဲမှာ အသင်းခေါင်းဆောင် ရွန်နေးပွဲထွက်ပါဝင်ခဲ့ပြီး မာတာ၊ ကာရစ်၊ မာရှယ်တို့လည်း ပါဝင်ခဲ့ပါတယ်။ ပထမပိုင်း ၃၁ မိနစ်မှာတင် မာတာကို ဆွဲလှဲသလိုဖြစ်ခဲ့လို့ ဖီနာဘာချီ ပင်နယ်တီပေးခဲ့ရပြီး ပေါ့ဂ်ဘာကသွင်းယူခဲ့ပါတယ်။ နောက်တစ်ခါ သုံးမိနစ်အကြာမှာတင် မန်ယူကို ကွင်းလယ်ဒိုင်လူကြီးက ပင်နယ်တီထပ်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

play

 

ဒီတစ်ခါတော့ ပင်နယ်တီကိုမာရှယ်ကန်သွင်းယူခဲ့ပြီး ဒုတိယဦးဆောင်ဂိုးဖြစ်စေခဲ့ပါတယ်။ သုံးမိနစ်အတွင်း ငါးမိနစ်လောက်အတွင်း ပင်နယ်တီနှစ်ဂိုးပေးလိုက်ရပေမဲ့ ဖီနာဘာချီဂိုးပြန်ရဖို့ ကြိုးစားခဲ့ပါသေးတယ်။ တိုက်စစ်က ဗန်ပါစီတစ်ယောက်တည်းလို ဖြစ်နေတဲ့အတွက် ဖီနာဘာချီဟာ အလုပ်မဖြစ်ခဲ့ပါဘူး။

play

 

ပထမပိုင်းပြီးခါနီးမှာ လင်ဂတ်က နောက်ပြန်ချပေးတဲ့ ဘောလုံးကို ပေါ့ဂ်ဘာက ဂိုးဧရိယာအပြင်ကနေ ဂိုးထောင့်ထဲ ကန်သွင်းယူလိုက်တာ ဖြစ်ပါတယ်။ ဒုတိယပိုင်းပြန်စပြီး နှစ်မိနစ်အကြာမှာ ရွန်နေးခင်းပေးတဲ့ဘောလုံးကို လင်ဂတ်က အပြင်းကန်သွင်းယူခဲ့လို့ လေးဂိုးမြောက်ဂိုး ထပ်ရခဲ့ပါတယ်။

play

 

မန်ယူအသင်းကစားသမားဟောင်းဖြစ်တဲ့ ဗန်ပါစီကတော့ ၈၃ မိနစ်မှာ ဖီနာဘာချီအတွက် နှစ်သိမ့်ချေပဂိုးတစ်ဂိုး ပြန်သွင်းပေးနိုင်ခဲ့ပါတယ်။ ဗန်ပါစီဂိုးသွင်းပြီးနောက် အိုးထရက်ဖို့ဒ်ကွင်းထဲက ပရိသတ်တွေ လက်ခုပ်တီးအားပေးခဲ့ကြပါတယ်။

play

 

ဒီနိုင်ပွဲကြောင့် မန်ယူအသင်းဟာ ယူရိုပါလိဂ်အုပ်စုအတွင်း သုံးပွဲကစားအပြီး ၆ မှတ်နဲ့ ဒုတိယနေရာ ရပ်တည်နေရပါတယ်။

Source : Goal/ flashscore

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ