International: ဥရောပချန်ပီယံလိဂ် ဗိုလ်လုပွဲကို အာရှနှင့် အမေရိကတိုက်များတွင် ကျင်းပဖွယ် ရှိနေ

အနာဂတ်မှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ဥရောပတိုက်အပြင်ဘက် ထွက်ပြီး ကျင်းပဖို့ စီစဉ်နေတာပါ။

play

 

နှစ်စဉ် ကျင်းပနေတဲ့ ဥရောပချန်ပီယံလိဂ် ဗိုလ်လုပွဲကို ဥရောပအပြင်ဘက်ထွက်ပြီး ကျင်းပဖို့ စိတ်ကူးရှိကြောင်း အသစ်တက်လာတဲ့ ယူအီးအက်ဖ်အေ ဥက္ကဋ္ဌ ဆက်ဖရင်က ပြောကြားလိုက်ပါတယ်။

play
၂၀၁၄ ခုနှစ်က အမေရိကတွင် ရာသီကြို ကစားခဲ့သည့် မန်ယူနှင့် ရီးရဲလ်မက်ဒရစ်ပွဲကို လာကြည့်ခဲ့သူများ

 

ချန်ပီယံလိဂ် ဗိုလ်လုပွဲမတိုင်ခင် ကျင်းပတဲ့ ပြိုင်ပွဲတွေကို ဥရောပတိုက်အတွင်း နိုင်ငံတွေမှာ ကျင်းပထားပြီးသားဖြစ်လို့ နောက်ဆုံး ဗိုလ်လုပွဲကို အခြားနေရာမှာ ကျင်းပတာ ပရိသတ်တွေအတွက် ပြဿနာ မရှိကြောင်း ဆက်ဖရင်က ပြောခဲ့တာဖြစ်ပါတယ်။ ဥပမာအားဖြင့် ဥရောတိုက်နိုင်ငံချင်းအတူတူဖြစ်တဲ့ ပေါ်တူဂီကနေ အဇာဘိုင်ဂျန်ကို သွားရမှာနဲ့ ဥရောပကနေ နယူးယော့ခ်ကို သွားရမှာဟာ အတူတူလောက် ဖြစ်တယ်လို့ ဆက်ဖရင်က ဥပမာ ပေးခဲ့ပါတယ်။

play
တရုတ်နိုင်ငံမှ ငှက်သိုက်အားကစားကွင်း

 

ဒါပေမဲ့လည်း ဒီအစီအစဉ်ဟာ စိတ်ကူးအကြံဉာဏ်တစ်ခုအဆင့်သာ ရှိသေးပြီး ဆက်လက်ဆွေးနွေးဖို့ ရှိသေးတယ်လို့ သိရပါတယ်။ ဗိုလ်လုပွဲကို အိမ်ရှင်အဖြစ် ကျင်းပလိုသူတွေက ကမ်းလှမ်းတောင်းဆိုနိုင်တဲ့ အစီအစဉ်မျိုး ပြုလုပ်မှာဖြစ်ပါတယ်။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ