International: ထိုင်းနဲ့သြစတြေးလျ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အော်ဟစ်အားပေးမှုများ တားမြစ်ပိတ်ပင်

ထိုင်းနိုင်ငံမှာ နန်းသက် နှစ်ပေါင်း ၇၀ ကြာ စုံးစံခဲ့ပြီး သက်တော် ၈၈ နှစ်အရွယ်မှာ ကံတော်ကုန်ခဲ့တဲ့ ထိုင်းဘူရင်ဘူမီဘောအတွက် ဝမ်းနည်းပူဆွေးကြောင်း ကာလကို တစ်နှစ်ကြာ သတ်မှတ်ထားပါတယယ်။

play


လာမယ့် နိုဝင်ဘာလမှာ ယှဉ်ပြိုင်ကစားမယ့် ထိုင်းနဲ့ သြစတြေးလျ ဘောလုံးအသင်းတို့ရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ ပရိသတ်များ အော်ဟစ်အားပေးမှုတွေကို နှစ်နိုင်ငံ ဘောလုံးအဖွဲ့ချုပ်တွေက တားမြစ်ပိတ်ပင်ထားကြောင်း သိရပါတယ်။

play


အောက်တိုဘာ ၁၃ ရက်မှာ ကံတော်ကုန်ခဲ့တဲ့ ထိုင်းဘုရင်ဘူမီဘောကို လေးစားမှုရှိကြောင်း ပြသတဲ့အနေနဲ့ ဘောလုံးပွဲစဉ်အတွင်း အော်ဟစ်အားပေးခြင်း၊ သံပြိုင်သီဆိုကြွေးကြော်ခြင်းတို့ မပြုလုပ်ကြရန်နဲ့ ပရိသတ်တွေ အနေနဲ့ အနက်ရောင်၊ မီးခိုးရောင် သို့မဟုတ် အဖြူရောင် အဝတ်အထည်တို့ကို ဝတ်ဆင်လာသင့်ကြောင်းလည်း နှစ်နိုင်ငံ ဘောလုံးအဖွဲ့ချုပ်တွေက တိုက်တွန်းထားပါတယ်။

play


ထိုင်းနိုင်ငံမှာ နန်းသက် နှစ်ပေါင်း ၇၀ ကြာ စုံးစံခဲ့ပြီး သက်တော် ၈၈ နှစ်အရွယ်မှာ ကံတော်ကုန်ခဲ့တဲ့ ထိုင်းဘူရင်ဘူမီဘောအတွက် ဝမ်းနည်းပူဆွေးကြောင်း ကာလကို တစ်နှစ်ကြာ သတ်မှတ်ထားပါတယယ်။

play


ထိုင်းပြည်သူတွေကို အနက်ရောင် ဝတ်ဆင်ရန် တိုက်တွန်းထားပြီး ပျော်ပွဲရွှင်ပွဲနဲ့ ဖျော်ဖြေပွဲတွေ မပြုလုပ်ကြရန် ပြောကြားထားပါတယ်။ ထိုင်းနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က လာမယ့် နိုဝင်ဘာ ၁၅ ရက်မှာ သြစတြေးလျနဲ့ ယှဉ်ပြိုင်ကစားမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်ကို ရွှေ့ဆိုင်းရန် ကြိုးပမ်းခဲ့သေးကြောင်းလည်း သိရပါတယ်။
Source & Photo: AFP, Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ