International: ရော်နယ်ဒိုဘက်က တောင်းဆိုမှုကို ရီးရဲလ်မလိုက်လျောသဖြင့် စာချုပ်သစ်ချုပ်ရန် ရက်ရွှေ့ဆိုင်း

အသက် ၃၁ နှစ်ရှိနေပြီဖြစ်တဲ့ ရော်နယ်ဒိုကို ရီးရဲလ်မက်ဒရစ်ဘက်က စာချုပ် နှစ်အများကြီး ထပ်တိုးချင်တော့တာ မဟုတ်ပါဘူး။

play

 

ရီးရဲလ်မက်ဒရစ် အသင်းဘက်က ရော်နယ်ဒိုက စာချုပ်သစ် ထပ်မံ ချုပ်ဆိုချင်ပေမယ့် ရော်နယ်ဒိုဘက်က တောင်းဆိုမှု များနေတာကြောင့် စာချုပ်သစ် ချုပ်မယ့်အချိန်ကို ရွှေ့ဆိုင်းထားရကြောင်း သိရပါတယ်။

play

 

အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုက စာချုပ်သစ်သက်တမ်းကို နောက်ထပ် ၅ နှစ်လောက်အထိ ချုပ်ဆိုချင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။ ရော်နယ်ဒိုနဲ့ ရီးရဲလ်မက်ဒရစ်တို့ ချုပ်ဆိုမယ့် စာချုပ်သစ်အရ ရော်နယ်ဒိုရဲ့ လစာအတွက် အခွန်ကို ရီးရဲလ်မက်ဒရစ်က ဆောင်ပေးရမှာဖြစ်ပြီး အသားတင် လစာငွေ ယူရို ၂၁ သန်းပေးဖို့ နှစ်ဖက်သဘောတူထားပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုကို အသင်းဥက္ကဌ ပီရက်ဇ်က အများဆုံး လေးနှစ်အထိပဲ စာချုပ်သက်တမ်း တိုးချင်နေတာ ဖြစ်ပါတယ်။

play

 

ရော်နယ်ဒိုကိုယ်တိုင်ကလည်း ရီးရဲလ်မက်ဒရစ်မှာပဲ ဘောလုံးသမားဘဝ ကုန်ဆုံးချင်တယ်လို့ ပြောထားပေမယ့် ပြီးခဲ့တဲ့ နှစ်တွေအတွင်း ရော်နယ်ဒို ဒဏ်ရာရရှိတဲ့ အကြိမ်ရေဟာ ပိုများလာခဲ့တာ တွေ့ရပါတယ်။ အသက် ၃၀ ကျော်လာပြီဖြစ်တဲ့ ကစားသမားရဲ့ ကြံ့ခိုင်မှုကို ထည့်စဉ်းစားတဲ့အနေနဲ့ ရီးရဲလ်မက်ဒရစ်က နောက်ထပ် ငါးနှစ်အထိ စာချုပ်သက်တမ်းမတိုးချင်တာပါ။

ရော်နယ်ဒိုဟာ ဒီရာသီ လာလီဂါနဲ့ ချန်ပီယံလိဂ်မှာ ၆၇၈ မိနစ် ကစားထားပြီးပေမယ့် လေးဂိုးသာ သွင်းနိုင်ပါသေးတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ