International: ရော်နယ်ဒို အကောင်းဆုံး ဘောလုံးသမားဖြစ်လာရန် မိမိလုပ်ခဲ့ခြင်းမဟုတ်ဟု ဖာဂူဆန် ပြော

လူတစ်ယောက်ရဲ့ အောင်မြင်မှုမှာ သူကိုယ်တိုင်က အဓိကကျတယ်လို့ ဖာဂူဆန်က ပြောပါတယ်။

play

 

လူတစ်ဦးအနေနဲ့ ထူးချွန်သူဖြစ်လာအောင် စွမ်းဆောင်ရာမှ မိမိကိုယ်တိုင်က အဓိကကျတယ်ဆိုတာ ရော်နယ်ဒိုက သက်သေပြနေတယ်လို့ မန်ယူနည်းပြဟောင်း ဆာအဲလက်စ် ဖာဂူဆန်က ပြောကြားလိုက်ပါတယ်။

play

 

အများထင်ထားကြသလို ရော်နယ်ဒိုက မထင်မရှားဘဝမှာ မန်ယူကို ရောက်လာရင်း ဆာအဲလက်စ်ဖာဂူဆန်ကြောင့် အောင်မြင်သူတစ်ယောက် ဖြစ်လာတာ မဟုတ်တဲ့အကြောင်း အဆိုပါ မန်ယူနည်းပြဟောင်းကိုယ်တိုင် ဖွင့်ချလိုက်တာဖြစ်ပါတယ်။ ရော်နယ်ဒိုက သူ့ကိုယ်သူ အကောင်းဆုံး ထိန်းကျောင်းရင်း ကမ္ဘာကျော်အောင်မြင်သူတစ်ဦး ဖြစ်လာအောင် စွမ်းဆောင်ခဲ့တာဖြစ်တယ်လို့  ဂျာမနီနိုင်ငံ နုယင်ဘတ်မြို့က ဆွေးနွေးပွဲတစ်ခုမှာ ဖာဂူဆန်က ပြောခဲ့တာပါ။

play

 

" လူတစ်ယောက် အောင်မြင်စေဖို့ သူကိုယ်တိုင် အဓိကျတယ်ဆိုတာ ရော်နယ်ဒိုက သက်သေပါပဲ။ ဒီကောင်လေး  အောင်မြင်လာအောင် ကျွန်တော်လုပ်ခဲ့တာလို့ အလွယ်လေး ပြောလိုက်လို့ရတာပါ။ အခြားနည်းပြတွေလည်း ကစားသမားတစ်ဦးဦး အောင်မြင်ဖို့ သူတို့လုပ်ပေးခဲ့တာလို့ ပြောနိုင်တာပဲ။ ဒါပေမယ့် ရော်နယ်ဒိုက ဒီလိုဖြစ်အောင် သူကိုယ်တိုင် ဖန်တီးခဲ့တာပါ။ အကောင်းဆုံးဖြစ်လာဖို့ သူ့ကို ကျွန်တော်တို့က နည်းလမ်းလေး ပေးခဲ့ရုံပါ" လို့ ဖာဂူဆန်က ပြောပါတယ်။

play

 

စောင့်ထိန်းရမယ့် စည်းကမ်းနဲ့ကျင့်ဝတ်ကို စောင့်ထိန်းခြင်းက ရော်နယ်ဒိုကို အောင်မြင်လာစေခဲ့တာလို့ ဖာဂူဆန်က ပြောခဲ့ပါသေးတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ