International: ရေဘူးနှင့် ပေါက်သည့် ပရိသတ်ကို အမေနဲ့ တိုင်းထွာဆဲရေးခဲ့တဲ့ မက်ဆီ

ဗလန်စီယာကို ဘာစီလိုနာက နာကျင်အချိန်ပိုသွင်းဂိုးနဲ့ နိုင်တဲ့ပွဲမှာ ဖြစ်ပွားခဲ့တာပါ။

play

 

ပွဲပြီးခါနီးမှ သွင်းယူတဲ့ ပင်နယ်တီဂိုးနဲ့ ဘာစီလိုနာက ဗလန်စီယာအသင်းကို အနိုင်ယူတဲ့ပွဲစဉ်မှာ ဘာစီလိုနာကစားသမား နေမာရဲ့ခေါင်းကို ရေဘူးနဲ့ အပေါက်ခံလိုက်ရကြောင်း သိရပါတယ်။

play

 

ဗလန်စီယာပရိသတ်တွေအနီးမှာ မက်ဆီနဲ့ နေမာအပါအဝင် ဘာစီလိုနာအသင်း ကစားသမားတစ်သိုက်ဟာ ဦးဆောင်ဂိုးအတွက် အောင်ပွဲခံနေစဉ်မှာ ဒီဖြစ်ရပ်ဖြစ်ပွားခဲ့တာပါ။ ရေဘူးနဲ့ အပေါက်ခံလိုက်ရပြီးနောက် အသင်းခေါင်းဆောင် မက်ဆီဟာ ဒေါသအလွန်ထွက်သွားတဲ့ပုံစံ တွေ့ရပြီး ပရိသတ်တွေဘက်လှည့်ကာ ဆဲရေးခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ဘာစီလိုနာနဲ့ ဗလန်စီယာဟာ ပွဲချိန် မိနစ် ၉၀ အတွင်း တစ်ဖက်နှစ်ဂိုးဆီ သရေကျနေခဲ့ပေမဲ့  နာကျင်အချိန်ပိုမှာ မက်ဆီက ပင်နယ်တီ ကတစ်ဆင့် အနိုင်ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။

play

 

ရေဘူးနဲ့အပေါက်ခံရတာကြောင့် နေမာအပြင် ဆွာရက်ဇ်ပါ ဟန်ချက်ပျက် လဲကျသွားခဲ့တာပါ။ အဲဒီအချိန်မှာ မက်ဆီက ပရိသတ်ဘက်လှည့်ပြီး လက်သီးဆုပ်ပြကာ အမေနဲ့တိုင်းထွာဆဲရေးခဲ့တာ ဖြစ်ပါတယ်။

အပျက်မသားတွေ လို့ အဓိပ္ပာယ်ရတဲ့ စကားလုံးတွေနဲ့လည်း ဆဲရေးခဲ့တယ်လို့ ဆိုပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ