International: ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ဆန်ခါတင် စာရင်းတွင် ဒီဘရိုင်း၊ အဂူရိုတို့ ပါဝင်လာ

ပထမဆုံး ဆန်ခါတင် ဘောလုံးသမား ၃၀ စာရင်းကို ထုတ်ပြန်နေတာ ဖြစ်ပါတယ်။

play

 

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ကြီးမှူးချီးမြှင့်တဲ့ တစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုအတွက် ဆန်ခါတင် စာရင်းတွေကို ယနေ့ထုတ်ပြန်ကြေညာနေပြီဖြစ်ပါတယ်။

play

 

ပြောင်းလဲထားတဲ့ စည်းမျဉ်းတွေအရ အကောင်းဆုံးဘောလုံးသမားဆုအတွက် နိုင်ငံလက်ရွေးစင်အသင်းခေါင်းဆောင်တွေ၊ နည်းပြတွေ အပါအဝင် ဂျာနယ်လစ်တွေလည်း မဲပေးခွင့် ရရှိထားပါတယ်။  ၂၀၁၆ ခုနှစ်အတွက် ပထမဆုံးဆန်ခါတင် ကစားသမား အယောက် ၃၀ စာရင်းကို ယနေ့(တနင်္လာနေ့) မှာ ခြောက်ကြိမ်ခွဲပြီး ထုတ်ပြန်သွားမှာဖြစ်ပါတယ်။ လက်ရှိထုတ်ပြန်ထားတဲ့ စာရင်းထဲမှာတော့ မက်ဆီ၊ ရော်နယ်ဒိုတို့အပြင် မန်စီးတီးက အဂူရို၊ ဒီဘရိုင်းတို့ ပါဝင်နေပါတယ်။

play

 

ရီးရဲလ်မက်ဒရစ်က ဂါရက်ဘေးလ်၊ ဂျူဗင်တပ် ဂိုးသမား ဘူဖွန်၊ ဒိုင်ဘာလာတို့အပြင် ဥရောပအကောင်းဆုံး ဆန်ခါတင်စာရင်းထဲ ပါဝင်ခဲ့တဲ့ အသလက်တီကိုကစားသမား ဂရိဇ်မန်းလည်း ပါဝင်နေပါတယ်။ လက်ကျန်စာရင်းတွေကို ဆက်လက်ထုတ်ပြန်နေကြောင်းသိရပါတယ်။

ဒီဆုကို နောက်ဆုံးရရှိထားတာ ရော်နယ်ဒိုဖြစ်ပြီး နောက်ဆုံး ၈ ကြိမ်ဆက်တိုက် ဒီဆုကို ရော်နယ်ဒိုနဲ့ မက်ဆီကပဲ တစ်လှည့်စီရခဲ့ပါတယ်။

Source : AS

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ