International: အသင်းဖော် ဂိုးသွင်းနိုင်ခြင်းအပေါ် ရော်နယ်ဒို လုပ်ခဲ့သည့် အမူအရာ အငြင်းပွားဖွယ် ဖြစ်နေ

အသင်းဂိုးသွင်းရာမှာ ရော်နယ်ဒိုက အောင်ပွဲခံတာလား ကန့်ကွက်တာလားဆိုတာ ပရိသတ်တွေအကြား အငြင်းပွားနေပါတယ်။

play

 

ဘီလ်ဘာအိုအသင်းကို ရီးရဲလ်မက်ဒရစ်က နောက်ကျဂိုးနဲ့ အနိုင်ရတဲ့ ပွဲစဉ်မှာ အနိုင်ဂိုးအပေါ် ရော်နယ်ဒိုရဲ့ အောင်ပွဲခံပုံဟာ ပရိသတ်တွေအကြား အငြင်းပွားစရာ ဖြစ်ရပ်တစ်ခုအဖြစ် နာမည်ကျော်နေပါတယ်။

play

 

အဲဒီပွဲစဉ်မှာ တစ်ဖက်တစ်ဂိုးစီ သရေကျနေချိန် ၈၃ မိနစ်အရောက်မှာ အသင်းတိုက်စစ်မှူး မိုရာတာက အနိုင်ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။ ရုတ်တရက်ဆိုသလို မိုရာတာရဲ့ကန်ချက်က ဂိုးထဲရောက်သွားပြီးနောက်မှာ ရီးရဲလ်မက်ဒရစ် အသင်းဖော် ရော်နယ်ဒိုက ချက်ချင်းဆိုသလို လက်ထောင်ပြီး ဒိုင်လူကြီးကို လှည့်ကြည့်လိုက်ပါတယ်။

play

 

သာမန်အားဖြင့်တော့ ဂိုးရသွားတဲ့အခါ၊ ဘောလုံးကို ပြိုင်ဘက်က လွတ်လွတ်ကျွတ်ကျွတ်ဆွဲသွားတဲ့အခါမှာ ကစားသမားတွေက ဒီလိုလက်ထောင်ပြပြီး လူကျွံဘောပေးဖို့ စည်းကြပ်ဒိုင်ကို တောင်းဆိုတတ်ကြပါတယ်။ ပရိသတ် အချို့ကတော့ ရော်နယ်ဒိုဟာ အနိုင်ဂိုးကို သူမသွင်းနိုင်ခဲ့တာကြောင့် မိုရာတာရဲ့ သွင်းဂိုကို လက်ထောင်ပြီး လူကျွံဘောအဖြစ် ရုတ်တရက်သတ်မှတ်ခိုင်းခဲ့တာလို့ မှတ်ချက်ပေးနေကြပါတယ်။

လက်ရှိမှာ ရော်နယ်ဒိုက ရီးရဲလ်မက်ဒရစ်ကစားသမားဘဝတစ်လျှောက် အဆိုးရွားဆုံး အခြေအနေကို ရင်ဆိုင်နေရပါတယ်။ ရီးရဲလ်မက်ဒရစ် ကစားသမားဖြစ်လာချိန်ကစပြီး လေးပွဲဆက်တိုက် ဂိုးမသွင်းနိုင်တဲ့ ပထမဆုံးအခြေအနေကို ရော်နယ်ဒို ရင်ဆိုင်နေရပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ