International: မိုင်လေဆိုင်းရက်စ်လို ဆက်စီအကနဲ့ ဂိုးသွင်းပြီး အောင်ပွဲခံလို့ အဝါကတ်ပြခံရတဲ့ ကစားသမား

ဒီလိုအောင်ပွဲခံလို့ ကွင်းလယ်ဒိုင်က အဝါကတ်ပြမယ်ဆိုတာ ကစားသမားလည်း ကြိုတွေးမိခဲ့ပုံ မရပါဘူး။

play

 

အမေရိကန် မေဂျာလိဂ်ဘောလုံးပြိုင်ပွဲက နယူးအင်္ဂလန်ရီဗော်လူးရှင်းအသင်း တိုက်စစ်မှူး ကိုင်ကာမာရာဟာ ဂိုးသွင်းပြီး ထူးထူးဆန်းဆန်း အောင်ပွဲခံပုံကြောင့် အဝါကတ်ပြခံလိုက်ရပါတယ်။

play

 

ပုံမှန်အရဆိုရင် ဘောလုံးပွဲမှာ ဂိုးသွင်းပြီးအောင်ပွဲခံတဲ့အခါ အင်္ကျီချွတ်လိုက်မှသာ ကွင်းလယ်ဒိုင်က အဝါကတ်ပြသတိပေးလေ့ရှိတာဖြစ်ပါတယ်။ နယူးအင်္ဂလန်က မွန်ထရီရယ် အသင်းကို သုံးဂိုးပြတ် အနိုင်ရတဲ့ပွဲစဉ်မှာ ကာမာရာက ဂိုးသွင်းပြီးတဲ့နောက် တင်ပါးကို အရှေ့အနောက် လှုပ်ရမ်းကာ ဆက်စီကျကျ ကပြပြီးအောင်ပွဲခံခဲ့တာပါ။

play

 

ဒါကို အားကစားသမားမပီသတဲ့ လုပ်ရပ်အဖြစ် ကွင်းလယ်ဒိုင် သတ်မှတ်ပြီး အဝါကတ်ပြ သတိပေးလိုက်တာဖြစ်ပါတယ်။ ဒီအကအမျိုးဟာ ပေါ့ပ်အဆိုတော် မိုင်လေဆိုင်းရက်စ်အက အဖြစ်နာမည်ကြီးတာပါ။ ဒီအပြုအမူကြောင့် ထင်မှတ်မထားဘဲ အဝါကတ်ပြခံလိုက်ရတဲ့ ကစားသမားဟာ ကာမာရာဟာ ကွင်းလယ်ဒိုင်ကို ဒေါသတကြီး တုန့်ပြန်ခဲ့တာ တွေ့ရပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ