International: အသက်မပြည့် ကစားသမားများကိစ္စကြောင့် စပိန်ဘောလုံးအဖွဲ့ချုပ် ဒဏ်ရိုက်ခံရ

စပိန်ပြည်တွင်းလိဂ် ဘောလုံးကလပ်တွေရဲ့ အသက်မပြည့်သေးတဲ့ ကစားသမားတွေကို စာချုပ်ခေါ်ယူနေမှုအပေါ် အရေးယူဆောင်ရွက်ခြင်းနဲ့ ပတ်သက်ပြီး ဒဏ်ရိုက်ခံရတာ ဖြစ်ပါတယ်။

play


ကမ္ဘာ့ဖလားဘောလုံးအဖွဲ့ချုပ် (FIFA) က စပိန်ဘောလုံးအဖွဲ့ချုပ်ကို အောက်တိုဘာ ၂၅ ရက်မှာ အမေရိကန်ဒေါ်လာ ၂၂၁,၀၀၀ ဒဏ်ရိုက်လိုက်ကြောင်း သိရပါတယ်။

စပိန်ဘောလုံးအဖွဲ့ချုပ် အနေနဲ့ ပြည်တွင်းလိဂ်ပြိုင်ပွဲဝင် ဘောလုံးကလပ်တွေရဲ့ အသက်မပြည့်သေးတဲ့ ကစားသမားတွေကို စာချုပ်ခေါ်ယူနေမှုအပေါ် အရေးယူဆောင်ရွက်ခြင်းနဲ့ ပတ်သက်ပြီး FIFA ရဲ့ ဒဏ်ရိုက်မှုခံရတာ ဖြစ်ပါတယ်။

play


စပိန်လာလီဂါမှ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်နဲ့ အသလက်တီကို မက်ဒရစ် အသင်းတွေက အသက် ၁၈ နှစ်အောက် နိုင်ငံခြားကစားသမားတွေကို စာချုပ်ခေါ်ယူမှုအတွက် FIFA က အရေးယူမှု ချမှတ်ထားခဲ့ပါတယ်။ စပိန်ဘောလုံးအဖွဲ့ချုပ်ကို ဒဏ်ကြေးပေးဆောင်ရန်နဲ့ ခြောက်လအတွင်း FIFA ရဲ့ စည်းမျဉ်းများကို အကောင်အထည်ဖော်ရန် ပြောကြားထားပါတယ်။

play


၂၀၀၇ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်ကြား အသလက်တီကိုနဲ့ ၂၀၀၅ ခုနှစ်နဲ့ ၂၀၁၄ ခုနှစ်အတွင်း ရီးရဲလ်မှာ အသက်မပြည့်သေးတဲ့ ကစားသမားများ ပါဝင်ကစားခဲ့ကြောင်း FIFA က ပြောပါတယ်။ လက်ရှိမှာ ရီးရဲလ်နဲ့ အသလက်တီကို အသင်းတို့ကို ကစားသမား စာချုပ်ချုပ်ဆိုခေါ်ယူခြင်း မပြုရန် တစ်နှစ်ကြာ တားမြစ်ပိတ်ပင်မှု ချမှတ်ထားတာ ဖြစ်ပါတယ်။

အဆိုပါ တားမြစ်ပိတ်ပင်မှုအရ ရီးရဲလ်နဲ့ အသလက်တီကိုတို့ဟာ ၂၀၁၆-၁၇ ဘောလုံးရာသီကုန်အထိ ကစားသမားများ စာချုပ်ချုပ်ဆိုခြင်း မပြုနိုင်ပါဘူး။ စပိန်ထိပ်သီး ကလပ်နှစ်ခုကတော့ အဆိုပါ တားမြစ်ပိတ်ပင်မှုကို Court of Arbitration for Sport သို့ အယူခံဝင်ထားတယ်လို့ ဆိုပါတယ်။
Source & Photo: AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ