International: ဘရာဇီး ကမ္ဘာ့ဖလား သူရဲကောင်း ကားလို့စ်အယ်လ်ဘာတို ကွယ်လွန်

၁၉၇၀ ပြည့်နှစ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ အသင်းအတွက် သူရဲကောင်းဖြစ်ခဲ့တဲ့ ကစားသမားပါ။

 

ဘရာဇီးအသင်းအတွက် ၁၉၇၀ ခုနှစ်မှာ ကမ္ဘာ့ဖလား ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ဂန္တဝင်ဘောလုံးသမားကြီး ကားလို့စ်အယ်ဘာတိုဟာ ကွယ်လွန်သွားပြီဖြစ်ကြောင်း သိရပါတယ်။

 

အယ်လ်ဘာတိုဟာ ၁၉၇၀ ခုနှစ်ပြိုင်ပွဲမှာ ဘရာဇီးအသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး ဗိုလ်လုပွဲမှာ အလှဆုံးဂိုးတစ်ဂိုးကို သွင်းယူနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ ညာနောက်ခံကစားသမားကြီး ဖြစ်ခဲ့သူ အယ်လ်ဘာတိုဟာ ရီယိုဒီဂျနေးယိုးမြို့မှာ နှလုံးရောဂါနဲ့ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ သေဆုံးချိန်မှာ အယ်လ်ဘာတိုက အသက် ၇၂ နှစ်အရွယ် ရှိနေပါပြီ။

 

၁၉၇၀ ပြည့်နှစ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ဘရာဇီးအသင်းက အီတလီနဲ့တွေ့ခဲ့တာဖြစ်ပါတယ်။ အယ်လ်ဘာတိုဟာ ဒီစွမ်းဆောင်ရည်ကြောင့် ၁၉၉၈ ခုနှစ်မှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်တဲ့ ၂၀ ရာစုအကောင်းဆုံး ဘောလုံးသမားများ စာရင်းမှာ ပါဝင်ခဲ့ပါတယ်။ ဘရာဇီးအသင်းအတွက် ၅၃ ပွဲကစားပေးခဲ့ပြီးပြည်တွင်းကလပ် ဖလူမင်းနန့်စ်နဲ့ ဆန်းတို့စ် အသင်းတွေမှာ ကစားခဲ့သူ ဖြစ်ပါတယ်။

 

အဲဒီနောက် နည်းပြဘဝ နောက်ဆုံးကာလကို အဇာဘိုင်ဂျန်မှာ အဆုံးသတ်ပြီး ၂၀၀၅ ခုနှစ်မှာ အနားယူခဲ့သူပါ။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ