International: မန်ယူနည်းပြဘဝမှာ ရခဲ့သည့် အကြီးမားဆုံးနောင်တကို ဖာဂူဆန် ထုတ်ပြော

ချန်ပီယံလိဂ် ပြိုင်ပွဲနဲ့ ပတ်သက်ပြီး ဖာဂူဆန်မှာ နောင်တ ကြီးကြီးမားမား ရှိပါတယ်။

play

 

မွေးရပ်မြေ ဂလက်စဂိုမြို့ကို ရောက်ရှိနေတဲ့ မန်ယူအသင်းနည်းပြဟောင်း ဖာဂူဆန်က သူ့ရဲ့နည်းပြဘဝ မေ့လို့မရတဲ့ နောင်တတစ်ခုကို ထုတ်ဖော်ဝန်ခံလိုက်ပါတယ်။

ဖာဂူဆန်ဟာ မန်ယူအသင်းနဲ့ ပရီးမီးယားလိဂ်ဖလား၊ အက်ဖ်အေဖလား၊ ချန်ပီယံလိဂ်ဖလားတွေ ရရှိခဲ့ဖူးပေမဲ့ ဖလားလွဲချော်မှုတစ်ခုအတွက် ယနေ့တိုင် မကျေမနပ် ဖြစ်နေဆဲပါ။ အထူးသဖြင့် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ၂၀၀၂ ခုနှစ်က ဗိုလ်လုပွဲရောက်အောင် မစွမ်းဆောင်နိုင်တဲ့အပေါ် ယနေ့အချိန်တိုင်အောင် စိတ်ပျက်နေတာ ဖြစ်ပါတယ်။ ၂၀၀၂ ခုနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲဟာ ဖာဂူဆန်ရဲ့မွေးရပ်မြေဖြစ်တဲ့ စကော့တလန်က ဂလက်စဂိုအရပ်မှာ ကျင်းပပြုလုပ်ခဲ့တာပါ။

play

 

ကိုယ့်ရဲ့မွေးရပ်မြေမှာ ကျင်းပတဲ့ ဗိုလ်လုပွဲကို ကိုယ့်ရဲ့အသင်းနဲ့အတူ တက်ရောက်ဖို့ ဖာဂူဆန် ကြိုးစားပေမဲ့ မအောင်မြင်ခဲ့တာဖြစ်ပါတယ်။ ၂၀၀၂ ခုနှစ်ချန်ပီယံလိဂ် ပြိုင်ပွဲမှာ မန်ယူအသင်းက ဂျာမန်ကလပ် လေဗာကူဆင်ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမဲ့ ဖာဂူဆန်ဟာ ၂၀၀၈ ခုနှစ်မှာ ချန်ပီယံလိဂ် ချန်ပီယံ နောက်တစ်ကြိမ် ထပ်ဖြစ်ခဲ့ပါတယ်။

Source  : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ