International: အားလပ်ရက်မှာ သားနှစ်ဦးအတွက် အချိန်ပိုပေးဖြစ်နေတဲ့ မက်ဆီ

မက်ဆီတို့ မိသားစုက ပြင်သစ်ကို ရောက်နေကြတာပါ။

play

 

ဘာစီလိုနာအသင်းထံကနေ ကြားရက်အားလပ်ရက် ရနေတဲ့ ကြယ်ပွင့်ကစားသမား မက်ဆီဟာ မိသားစုအတွက် အချိန်ပေးအပန်းဖြေနေကြောင်း သိရပါတယ်။ ဗလန်စီယာကို ဘာစီလိုနာ အသင်းက ၃-၁ နဲ့ အနိုင်ရတဲ့ပွဲမှာ မက်ဆီက နောက်ဆုံးမိနစ်ရောက်မှ ပင်နယ်တီ သွင်းခဲ့တာဖြစ်ပါတယ်။

play

 

အဲဒီပွဲစဉ်မှာ ဘာစီလိုနာ ကစားသမား နေမာ ရေဘူးနဲ့အပေါက်ခံခဲ့ရပါသေးတယ်။ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုရှင် မက်ဆီဟာ မိသားစုနဲ့အတူ  ပြင်သစ်နိုင်ငံ ပါရီမြို့ကို အလည်အပတ်သွားရောက်နေတာပါ။ သားငယ်နှစ်ဦးကို မက်ဆီက ဒစ္စနေလန်း အားကစားကွင်းကို ခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။

play

 

သူတို့မိသားစု ပါရီရောက်နေကြောင်းကို ဇနီးဖြစ်သူက လူမှုကွန်ရက်မှာ ဓာတ်ပုံတင်ပြီး အသိပေးခဲ့တာပါ။

Source : Marca

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ