International: ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ရအောင် ရော်နယ်ဒို ဘယ်လို လေ့ကျင့်သလဲ

ရော်နယ်ဒိုဟာ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်လုပ်နေဆဲ ဖြစ်ပါတယ်။

 

ရီးရဲလ်မက်ဒရစ် ကြယ်ပွင့်ကစားသမား ရော်နယ်ဒိုဟာ အပြင်းအထန် လေ့ကျင့်မှုကြောင့် ကြံ့ခိုင်တောင့်တင်းတဲ့ ခန္ဓာကိုယ်ကို ရရှိထားတယ်ဆိုတာ အငြင်းပွားစရာ မလိုတဲ့ဗီဒီယိုဖိုင်တစ်ခု ထွက်ရှိလာပါတယ်။

 

ရော်နယ်ဒိုဟာ လေ့ကျင့်ရေး ခန်းမမှာ ခြေထောက်ကြွက်သား လေ့ကျင့်ခန်း လုပ်နေတဲ့ ဗီဒီယိုဖိုင်ကို လူမှုကွန်ရက်မှာ တင်ခဲ့တာဖြစ်ပါတယ်။ ဗီဒီယိုဖိုင်ထဲမှာ ရော်နယ်ဒိုရဲ့ခြေထောက်ကြွက်သားတွေ ကြံ့ခိုင်တောင့်တင်းမှုကို ဗီဒီယိုဖိုင်ထဲမှာ တွေ့နိုင်မှာ ဖြစ်ပါတယ်။ ဒီရာသီမှာ ရီးရဲလ်မက်ဒရစ်အတွက် ဂိုးပေါက်မတွေ့လို့ ဝေဖန်ခံနေရပေမဲ့ ရော်နယ်ဒိုဟာ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်ဆဲဖြစ်ကြောင့် သက်သေပြနိုင်တဲ့ ဗီဒီယိုဖိုင်ဖြစ်ပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ