International: ဘောလုံးကွင်းရှေ့မှာ အမြဲအိပ်နေတဲ့ အိမ်ခြေရာမဲ့ကို အလုပ်ခန့်လိုက်တဲ့ ဘောလုံးအသင်း

အသင်းဘောလုံးကွင်းရှေ့မှာ အမြဲအိပ်နေခဲ့ရတဲ့ အိမ်ခြေယာမဲ့ ဖြစ်ပါတယ်။

play

 

စပိန်ဘောလုံးကလပ် ရီးရဲလ်ဆိုစီဒက်အသင်းဟာ အသင်းဘောလုံးကွင်းရှေ့မှာ နေ့နေ့ညည အိပ်စက်နေထိုင်နေတဲ့ အိမ်ခြေရာမဲ့ အမျိုးသားတစ်ဦးကို ဝန်ထမ်းအဖြစ် ခန့်အပ်ပြီး အလုပ်ပေးလိုက်ကြောင်း သိရပါတယ်။

play

 

ရူဘင်ဗစ်တိုရီယာနိုလို့ အမည်ရတဲ့ အဆိုပါအိမ်ခြေယာမဲ့ အမျိုးသားဟာ ဆိုစီဒက်အသင်း အိမ်ကွင်းရှေ့မှာ အိပ်စက်နေခဲ့ရတာ သုံးလတိတိရှိခဲ့ပြီဖြစ်ပါတယ်။ သူနဲ့အတူ သူ့ရဲ့ခွေးကလေးဟာ ဘောလုံးကွင်းအရှေ့မှာ နေထိုင်နေခဲ့ကြတာပါ။ ဒါပေမယ့် စိတ်သဘောထား ကောင်းတဲ့ ဆိုစီဒက်အသင်း တာဝန်ရှိသူတွေကို အဆိုပါအမျိုးသားကို အလုပ်တစ်ခု ပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

play

 

အဲဒီနောက် အသင်းမှာ လိုအပ်နေတဲ့ ဘောလုံးကွင်းပြုပြင်ထိန်းသိမ်းရေးနဲ့ ကွင်းလုံခြုံရေး ဝန်ထမ်းအဖြစ် ခန့်အပ်ထားလိုက်တာဖြစ်ပါတယ်။ ဆိုစီဒက်အိမ်ကွင်းအနီးမှာ နေထိုင်တဲ့ ဘောလုံးပရိသတ်အချို့ကလည်း ရူဘင်ကို အဝတ်အစားတွေနဲ့ အစားအစာအချို့ထောက်ပံ့ခဲ့ကြောင်း သိရပါတယ်။ မာကာသတင်းစာရဲ့ အဆိုအရ ရီးရဲလ်ဆိုစီဒက်အသင်းဟာ အခုနောက်ပိုင်းမှာ လူမှုရေးလုပ်ငန်းတွေ အများအပြား လုပ်ကိုင်လာကြောင်း သိရပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ