International: စတီဗင်ဂျာရတ်ကြောင့် ဝိန်းရွန်နေး အမေရိကန်မေဂျာလိဂ် အသင်းသို့ ရောက်ဖွယ်ရှိ

မန်ယူအသင်းမှာ ပွဲထွက်ခွင့်မရလို့ ရွန်နေးလည်း အသင်းပြောင်းဖို့ နီးစပ်နေတာပါ။

play

 

မန်ယူအသင်း ကစားသမား ဝိန်းရွန်နေးကို ခေါ်ယူဖို့  အမေရိကန် မေဂျာလိဂ် ကလပ် အယ်လ်အေ ဂလက်စီအသင်း ပြင်ဆင်နေပြီဖြစ်ကြောင်း သိရပါတယ်။

play

 

မန်ယူအသင်းမှာ ပွဲထွက်ခွင့် မရဖြစ်ခဲ့ပြီးနောက် ရွန်နေးဟာ အသင်းပြောင်းရွှေ့ဖို့ စဉ်းစားနေပြီဖြစ်ကြောင်း ဗြိတိန်သတင်းတွေက ဖော်ပြထားတာပါ။ အယ်လ်အေဂလက်စီအသင်းဟာ ရွန်နေးမတိုင်ခင်က လီဗာပူးအသင်းခေါင်းဆောင်ဟောင်း ဂျာရတ်ကိုခေါ်ယူခဲ့ပေမဲ့ အခုဂျာရတ်နဲ့ လမ်းခွဲဖို့ နီးကပ်လာလို့ အစားထိုးဖို့ ရွန်နေးကို ခေါ်ယူချင်နေတာဖြစ်ပါတယ်။ ရွန်နေးရဲ့ ပြောင်းရွှေ့ကြေးနဲ့ လစာငွေအတွက် ဘယ်လောက်ကုန်ကျနိုင်မယ် ဆိုတာကို အယ်လ်အေဂလက်စီအသင်းက အကြံပေးတွေနဲ့ တိုင်ပင်နေပြီလို့ သိရပါတယ်။

play

 

ရွန်နေးဟာ မန်ယူသအသင်း ဂန္တဝင်ကစားသမား ဘော်ဘီချာတန်ရဲ့ ၂၄၉ ဂိုးသွင်းဂိုး စံချိန်ကို လိုက်မီဖို့ လေးဂိုးသာ လိုပါတော့တယ်။ အယ်လ်အေဂလက်စီအသင်းအပြင် အင်တာမီလန်အသင်းကို ဝယ်ယူလိုက်တဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေကလည်း ရွန်နေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ