International: စာချုပ်သစ် ချုပ်ပြီးနောက် ရော်နယ်ဒိုထက် လစာပိုများသွားသည့် ဂါရက်ဘေးလ်

စာချုပ်သစ်အရ ဂါရက်ဘေးလ်ဟာကို ယူရို သန်းတစ်ထောင်ပေးမှသာ အခြားအသင်းတစ်သင်းက ခေါ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။

play

 

စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းက ဝေးလ်ကစားသမား ဂါရက်ဘေးလ်ကို စာချုပ်သစ်ထပ်မံ ချုပ်ဆိုရာမှာ ရော်နယ်ဒိုထက် လစာငွေ ပိုပေးလိုက်ကြောင်း သိရပါတယ်။

play

 

ဗြိတိန်မီဒီယာတွေကတော့ ရီးရဲလ်မက်ဒရစ်ဟာ အသက် ၃၁ နှစ်ရှိသွားပြီဖြစ်တဲ့ ရော်နယ်ဒိုနေရာကို ဂါရက်ဘေးလ်နဲ့ အစားထိုးဖို့ ကြိုးပမ်းလိုက်ပြီလို့ ဖော်ပြကြပါတယ်။ ဂါရက်ဘေးလ်းဟာ စာချုပ်သစ်အရ ၂၀၂၂ ခုနှစ်အထိ ရီးရဲလ်မက်ဒရစ်အသင်းမှာ ရှိနေတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အခြားအသင်း တစ်သင်းအနေနဲ့ ဂါရက်ဘေးလ်ကို ယူရို  ၁ ဘီလျံပေးမှသာ ခေါ်ယူနိုင်မယ့် သဘောတူညီချက်ကိုလည်း စာချုပ်ထဲမှာ ထည့်သွင်းချုပ်ဆိုခဲ့ပါတယ်။

play

 

ရီးရဲလ်မက်ဒရစ်အသင်းဟာ ဂါရက်ဘေးလ်ကို တစ်ပတ်လုပ်ခလစာ ပေါင် ခြောက်သိန်းခန့် တန်ကြေးရှိတဲ့ စာချုပ်သစ်ကို ချုပ်ဆိုခဲ့တာပါ။ ဒါပေမဲ့ ဝင်ငွေခွန်ဆောင်ပြီးတဲ့အခါ ဂါရက်ဘေးလ်ဟာ အသားတင် လစာငွေ တစ်ပတ်ကို ပေါင် သုံးသိန်းခွဲ ရရှိမှာဖြစ်ပါတယ်။ အသင်းရဲ့ ကြယ်ပွင့်ကစားသမား ရော်နယ်ဒိုက လက်ရှိမှာ တစ်ပတ် လုပ်ခလစာ ပေါင် နှစ်သိန်းကိုးသောင်းသာ ရရှိလျက်ရှိပါတယ်။

play

 

ရော်နယ်ဒိုကိုလည်း ရီးရဲလ်မက်ဒရစ်က စာချုပ်သက်တမ်း တိုးဖို့ ရည်ရွယ်ရာမှာ အသင်းဘက် သုံးနှစ်သို့မဟုတ် လေးနှစ်သာ ချုပ်ဆိုချင်နေပြီး ကစားသမားဘက်ကတော့ ငါးနှစ်အထိ စာချုပ်သက်တမ်းတိုးချင်လို့ ညှိနှိုင်းနေရဆဲ ဖြစ်ပါတယ်။

Source : The Guardian

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ