International: မန်ယူကို အနိုင်ရသည့် ချန်ပီယံလိဂ် ဗိုလ်လုပွဲအား မမေ့နိုင် ဖြစ်နေသည့် မက်ဆီ

ဘာစီလိုနာအသင်းနဲ့ မန်ယူက ၂၀၀၉ ခုနှစ်ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ တွေ့ခဲ့တာပါ။

play

 

ဖာဂူဆန်ကိုင်တွယ်ခဲ့တဲ့ မန်ယူအသင်းကို ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အနိုင်ရလိုက်တဲ့ပွဲကို မေ့မေ့ပျောက်ပျောက်ဖြစ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ဘာစီလိုနာ ကစားသမား မက်ဆီက ပြောကြားလိုက်ပါတယ်။

play

 

ဘာစီလိုနာအသင်းနဲ့ မန်ယူအသင်းအသင်းဟာ ၂၀၀၉ ခုနှစ်တုန်းက ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ တွေ့ဆုံခဲ့ဖူးပြီး ဘာစီလိုနာအသင်းက ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ အဲဒီတုန်းက ရောမမှာ ကစားခဲ့တဲ့ ဗိုလ်လုပွဲဟာ ပြီးပြည့်စုံတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့တဲ့အတွက် မေ့ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ မက်ဆီက The Sun သတင်းစာကို ပြောပါတယ်။

play

 

ဗိုလ်လုပွဲ ဒုတိယပိုင်းမှာ မက်ဆီက ဘာစီလိုအသင်းအတွက် ခေါင်းတိုက်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ "အရေးကြီးတဲ့ ပွဲစဉ်တစ်ခုမှာ ဂိုးသွင်းနိုင်ခဲ့တယ်။ အသင်းပရိသတ်တွေအတွက် စွမ်းဆောင်ပေးနိုင်ခဲ့တယ်။ ဒီအခိုက်အတန့်ကို ပျော်ခဲ့တယ်ဆိုရင် ဒါဟာ အတိတ်က အရာဖြစ်ပေမယ့် မှတ်ဥာဏ်ထဲမှာ ရှိနေဦးမှာပါပဲ။ ကျန်ခဲ့မှာ မဟုတ်ပါဘူး" လို့ မက်ဆီက ပြောပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ