International: မန်စီးတီး - ဘာစီလိုနာ ချန်ပီယံလိဂ် ပွဲမကြည့်ခင် သိထားသင့်တဲ့ အချက် (၅) ချက်

ပထမအကျော့မှာတော့ ဘာစီလိုနာက ဂိုးပြတ်အနိုင်ရရှိထားပါတယ်။

play

 

၂၀၁၆-၁၇ ဘောလုံးရာသီအတွက် ချန်ပီယံလိဂ် အုပ်စုပွဲစဉ် ၄ ကိုရောက်ရှိလာခဲ့ပါပြီ။ ဒီကနေ့ည ကစားမယ့်ချန်ပီယံလိဂ် ပွဲစဉ်တွေထဲမှာ မန်စီးတီး - ဘာစီလိုနာ ပွဲစဉ်က စိတ်ဝင်စားစရာ အကောင်းဆုံးပါ။

ဒီပွဲမတိုင်ခင် သိထားသင့်တဲ့ အချက် (၅) ချက်ရှိပါတယ်။

၁။ ဒဏ်ရာရ ပွဲပယ်

play

 

မန်စီးတီးအသင်းက အရင်ပွဲမှာ ဂိုးသမား ဘရာဗို အနီကတ်ပြခံထားရတဲ့အတွက် ဒီပွဲကို ဒုတိယဂိုးသမား ကာဘယ်လာရိုနဲ့ ပွဲထွက်လာမှာပါ။

ဘာစီလိုနာအသင်းဘက်တော့ ပီကေးနဲ့ အယ်လ်ဘာတို့ ဒဏ်ရာရရှိထားပါတယ်။ မက်သရူးကတော့ ပွဲပယ်ပြစ်ဒဏ်ကျခံထားရပါတယ်။

၂။ မန်စီးတီးအားသာချက်

play

 

မန်စီးတီးအားသာချက်ကတော့ ဂွါဒီယိုလာလက်ထက်မှာ အိမ်ကွင်းရှုံးပွဲမရှိသေးတာပါပဲ။ ဒီနေ့ပွဲကို အိမ်ကွင်းမှာ ကစားရမှာပါ။ နောက်တစ်ချက်က ဘာစီလိုနာမှာ အဓိက ကစားသမားတွေဒဏ်ရာရနေတာပါပဲ။

၃။ ဘာစီလိုနာ အားသာချက်

play

 

ဘာစီလိုနာ အားသာချက်ကတော့ မန်စီးတီးဟာ ဘာစီလိုနာနဲ့ ကစားဖူးတဲ့ငါးပွဲမှာ ကစားသမားလေးဦး အထုတ်ခံခဲ့ရပါတယ်။ ဒီငါးပွဲလုံး ဘာစီလိုနာ အနိုင်ရထားပါတယ်။

၎။ နောက်ဆုံးငါးကြိမ်တွေ့ဆုံမှု

play

 

ဘာစီလိုနာ ၄-၀ မန်စီးတီး

ဘာစီလိုနာ ၁-၀ မန်စီးတီး

မန်စီးတီး ၁-၂ ဘာစီလိုနာ

ဘာစီလိုနာ ၂-၁ မန်စီးတီး

မန်စီးတီး ၀-၂ ဘာစီလိုနာ

၅။ အဓိက ကစားသမားများ

play

 

မန်စီးတီး အဓိက ကစားသမားကတော့ အဂူရိုပါ။ ဘာစီလိုနာကစားသမားလည်း အဂူရိုကို သတိထားဖို့ သတိပေးထားပါတယ်။

play

 

ဘာစီလိုနာဘက်တော့ အထူးတလည် ပြောစရာမရှိပဲ မန်စီးတီးကို ဒုက္ခအပေးနိုင်ဆုံးကစားသမားဟာ မက်ဆီဖြစ်လာမှာပါ။

Source : Mirror

ဘယ်အသင်းကို အားပေးမလဲ»

  • 30,4% မန်ချက်စတာစီးတီး
  • 69,6% ဘာစီလိုနာ
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ