International: ဖရန့် ဒီဘိုဝါးကို အင်တာမီလန်အသင်း ထုတ်ပယ်

ဒီဘိုဝါးဟာ ရက်ပေါင်း ၁၂၈ ရက်သာ အင်တာမီလန်ကို ကိုင်တွယ်လိုက်ရပါတယ်။

play

 

အင်တာမီလန်အသင်းက နည်းပြဒီဘိုဝါးကို ရာထူးက ဒီကနေ့ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ အင်တာမီလန်အသင်းဟာ ပြီးခဲ့တဲ့ စနေနေ့က ဆမ်ဒိုးရီးယားအသင်းကို ရှုံးနိမ့်ပြီးနောက် ထုတ်ပယ်ခံလိုက်ရတာဖြစ်ပါတယ်။

ဟော်လန်အသင်းကစားသမားဟောင်း ဒီဘိုဝါးကို အင်တာမီလန်အသင်းက ၁၂၈ ရက်ကြာ ခန့်အပ်ခဲ့ပြီးနောက် လိဂ်ပွဲ ငါးပွဲအတွင်း ရှုံးပွဲလေးပွဲ အထိတွေ့ခဲ့လို့ သည်းမခံနိုင်ပဲ ထုတ်ပယ်ပစ်လိုက်တာ ဖြစ်ပါတယ်။ ဒီဘိုဝါးကို အင်တာမီလန်အသင်း မခေါ်ယူခင်မှာ အဲဗာတန်နဲ့ ဆောက်သမ်တန်အသင်းတို့ကလည်း ခေါ်ယူဖို့ ကြိုးပမ်းခဲ့သေးကြောင်း သိရပါတယ်။

play

 

အင်တာမီလန်လူငယ်အသင်းနည်းပြ စတိဖာနိုက အင်တာမီလန်အသင်းကြီးကို ယာယီကိုင်တွယ်သွားမှာ ဖြစ်ကြောင်းသိရပါတယ်။ ဒီဘိုဝါးဟာ အေဂျက်အသင်းနဲ့အတူ ဟော်လန်အမှတ်ပေးလိဂ်မှာ ချန်ပီယံလေးကြိမ် ဖြစ်ခဲ့တဲ့ နည်းပြပါ။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ