International: ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး BBC တိုက်စစ်အတွဲ ဂိုး ၃၀၀ ပြည့်ပြီ

, updated

အသင်းကို ဂါရက်ဘေးလ် ရောက်လာချိန်ကစတင် ရေတွက်ရင် လက်ရှိအချိန်ထိ ဒီသုံးဦးရဲ့ စုစုပေါင်းသွင်းးဂိုးဟာ ဂိုးသုံးရာ ပြည့်သွားပြီဖြစ်ပါတယ်။

play

 

စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်မှူး သုံးဦးဖြစ်တဲ့ ဂါရက်ဘေးလ်၊ ဘင်ဇီမားနဲ့ ရော်နယ်ဒို တို့ရဲ့ (BBC တိုက်စစ်) စုစုပေါင်းသွင်းဂိုးဟာ ဂိုး ၃၀၀ ပြည့်သွားခဲ့ပြီလို့ သိရပါတယ်။

play

 

ရီးရဲလ်မက်ဒရစ်အသင်းကို စပါးကစားသမားဟောင်း ဂါရက်ဘေးလ်စတင်ရောက်ရှိလာတဲ့ ၂၀၁၃ ခုနှစ်ကစပြီး သူတို့သုံးဦးပေါင်းရဲ့ သွင်းဂိုးဟာ တစ်ရာသီကို ဂိုးတစ်ရာနီးပါးစီ ရှိခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်ကနေ လက်ရှိဘောလုံးရာသီ ငါးပွဲကစားပြီးချိန်မှာ သူတို့သုံးဦးရဲ့ စုစုပေါင်း သွင်းဂိုးဟာ ၃၀၀ ပြည့်သွားခဲ့တာဖြစ်ပါတယ်။

play

 

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ အက်စ်ပန်ညိုနဲ့ပွဲစဉ်မှာ တိုက်စစ်မှူး ဘန်ဇီမားက ဂိုးသွင်းနိုင်ခဲ့တဲ့အတွက် သုံးဦးပေါင်း ဂိုးသုံးရာပြည့်တဲ့ စံချန်ကို ရရှိသွားခဲ့တာပါ။ ၂၀၁၃-၁၄ ဘောလုံးရာသီမှာ ၉၇ ဂိုး၊ ၂၀၁၄-၁၅ ဘောလုံးရာသီမှာ ၁၀၀ ဂိုးနဲ့ ၂၀၁၅-၁၆ ဘောလုံးရာသီမှာ ၉၈ ဂိုး သွင်းယူနိုင်ခဲ့ကြတာဖြစ်ပါတယ်။ ဒီရာသီမှာ ဒီသုံးဦးပေါင်းရဲ့ ဂိုးက ၅ ဂိုးရှိပြီလို့ သိရပါတယ်။

Source : Talksports

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ