Breaking News: အခွန်ရှောင်တိမ်းမှုဖြင့် မက်ဆီကို ထောင်ဒဏ် ၂၁ လကျခံရန် တရားရုံးအမိန့်ချ

, updated

ဒါပေမဲ့ စပိန်ဥပဒေအရ မက်ဆီရဲ့ ထောင်ဒဏ်ကိုဆိုင်းငံ့ ပြစ်ဒဏ် ဖြစ်သွားအောင် ကြိုးစားခွင့် ရှိနေပါတယ်။

play

 

အခွန်ရှောင်မှုနဲ့ တရားရင်ဆိုင်နေရတဲ့ ဘာစီလိုနာကြယ်ပွင့် ကစားသမား မက်ဆီကို ထောင်ဒဏ် ၂၁ လ ကျခံစေဖို့ တရားရုံးက အမိန့်ချမှတ်လိုက်ကြောင်း စပိန်သတင်း မီဒီယာတွေကဖော်ပြလိုက်ပါတယ်။

မက်ဆီအပြင် မက်ဆီရဲ့အဖေဖြစ်သူ ဂျော့ခ်ျမက်ဆီကိုလည်း ထောင်ဒဏ်ကျခံစေဖို့ တရားရုံးက ဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်။ ဒါပေမဲ့လည်း ထောင်ဒဏ်ကို လူကိုယ်တိုင်ကျခံရမယ့်အရေးကနေ လွတ်မြောက်ဖို့ မက်ဆီတို့ ကြိုးစားဦးမှာဖြစ်ပြီး လွတ်မြောက်နိုင်ချေလည်းရှိတယ်လို့ သိရပါတယ်။ စပိန်ဥပဒေအရ နှစ်နှစ်ထက် လျော့နည်းတဲ့ ထောင်ဒဏ်တွေဆိုရင် ထောင်ဒဏ်မကျအောင် အခြားနည်းလမ်းတွေနဲ့ ကြိုးစားခွင့် ရှိနေပါတယ်။

play

 

၂၀၀၄ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အတွင်အခွန်ရှောင်တိမ်းမှုတွေ ပေါ်ပေါက်ခဲ့တဲ့အတွက် မက်ဆီတို့ သားအဖပြစ်မှု ထင်ရှားတယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့တာပါ။  ထောင်ဒဏ်အပြင် မက်ဆီကို ဒဏ်ငွေ ပေါင် ၁.၇ သန်းပေးဆောင်ဖို့လည်း အမိန့်ချခဲ့တယ်လို့ သိရပါတယ်။

ဒီပြစ်ဒဏ်ကို ဆက်လက်အယူခံ ဝင်သွားဖို့လည်း ရှိနေပါသေးတယ်။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ