COPA AMERICA 2016: ကိုပါအမေရိက ဆီမီးဖိုင်နယ်ပွဲစဉ်များ ထွက်ပေါ်

ကိုပါအမေရိက ဆီမီးဖိုင်နယ်ပွဲစဉ်တွေအဖြစ် ဇွန်လ ၂၂ ရက်နဲ့ ၂၃ ရက်မှာ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။

play


နှစ်တစ်ရာပြည့် ကိုပါအမေရိက ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များ ဇွန်လ ၁၉ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ပြီးဖြစ်ရာ ဆီမီးဖိုင်နယ် တွေ့ဆုံမှုများ ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။

play


ဇွန်လ ၁၉ ရက် နံနက်ပိုင်း ကွာတားဖိုင်နယ်ပွဲစဉ်များမှာ အာဂျင်တီးနားက ဗင်နီဇွဲလားကို ၄-၁ ဂိုးဖြင့်လည်းကောင်း၊ ချီလီက မက္ကစီကို ၇-၀ ဂိုးဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်ခဲ့ပါတယ်။

play


ပြီးခဲ့တဲ့ ကွာတားဖိုင်နယ် ပွဲစဉ်နှစ်ပွဲမှာ အမေရိကန်နဲ့ ကိုလံဘီယာတို့က အနိုင်ရရှိပြီး ဆီးမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ကိုပါအမေရိက ဆီမီးဖိုင်နယ် တွေ့ဆုံမှုများအဖြစ် အိမ်ရှင် အမေရိကန်နဲ့ အာဂျင်တီးနား၊ ကိုလံဘီယာနဲ့ ချီလီတို့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

play


ကိုပါအမေရိက ဆီမီးဖိုင်နယ်ပွဲစဉ်တွေအဖြစ် ဇွန်လ ၂၂ ရက် နံနက် ၇း၃၀ မှာ အမေရိကန်နဲ့ အာဂျင်တီးနား၊ ဇွန်လ ၂၃ ရက် နံနက် ၆း၃၀ မှာ ကိုလံဘီယာနဲ့ ချီလီတို့ ယှဉ်ပြိုင်ကစားသွားမှာပါ။


Source & Photo: Daiy Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ