Copa America 2016: လက်ရှိချန်ပီယံ ချီလီနှင့် အာဂျင်တီးနား ဗိုလ်လုပွဲမှာ တွေ့ဆုံ

အာဆင်နယ်ကစားသမား ဆန်းချက်ဇ်ရဲ့ ရာပြည့်ပွဲနဲ့အတူ ချီလီ နိုင်ပွဲရခဲ့ပါတယ်။

play

 

ကိုပါအမေရိက ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ချီလီက ကိုလံဘီယာအသင်းကို အနိုင်ရပြီးနောက် ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။ ပွဲစပြီး ၁၁ မိနစ်အတွင်းမှာတင် သွင်းယူတဲ့ ဂိုးတွေနဲ့ ချီလီအသင်းက ဗိုလ်လုပွဲတက်ခဲ့တာဖြစ်ပါတယ်။

play

 

အာဆင်နယ်ကစားသမား ဆန်းချက်ဇ်အတွက်လည်း ဒီပွဲက ချီလီအသင်းနဲ့ လက်ရွေးစင်ဘဝ ပွဲ ၁၀၀  ပြည့်မြောက်တဲ့ ပွဲဖြစ်ခဲ့ပါတယ်။ ဖွန်ဇာလီဒို ဂိုးဧရိယာထဲ ဖြတ်တင်လိုက်တဲ့ဘောလုံးကို ကိုလံဘီယာ ကစားသမား ကွာဒွါဒို ခေါင်းတိုက်ရှင်းထုတ်ရာမှာ ဂိုးရှေ့တည့်တည့်ကျသွားပါတယ်။ ဂိုးရှေ့မှာ အသင့်ရှိနေတဲ့ အာရန်ဂွစ်ဇ်က တုံ့ဆိုင်းခြင်းမရှိ အလွယ်တကူ သွင်းယူလိုက်တာပါ။

play

 

နောက်ထပ် လေးမိနစ်အကြာမှာပဲ ချီလီအသင်း ဂိုးထပ်ရပြန်ပါတယ်။ ဂိုးဧရိယာအစွန်းဘက်ကနေ ဆန်းချက်ဇ် အမှတ်မထင် လှမ်းကန်လိုက်တဲ့ ကန်ချက်ဟာ တိုင်ထိပြီး ပြန်ထွက်လာခဲ့ပါတယ်။ ဒါကို ဖွန်ဇာလီဒါက အခက်အခဲမရှိပဲ ဂိုးသမားမရှိတော့တဲ့ ဂိုးပေါက်ထဲ ကန်သွင်းယူလိုက်တာဖြစ်ပါတယ်။

play

 

ပထမပိုင်း ပြီးခါနီးမှာ ရာသီဥတု ဆိုးရွားလာပြီး မိုးကြိုးမုန်တိုင်း အန္တရာယ်ပါ ကျရောက်လာခဲ့ရပါတယ်။ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပထမပိုင်းအပြီး ဒုတိယပိုင်း ဆက်ကစားဖို့ ပွဲကို နှစ်နာရီနီးပါး နောက်ဆုတ်ခဲ့ပါသေးတယ်။

play

 

၅၇ မိနစ်မှာ ကိုလံဘီယာအသင်းက ကားလို့စ်ဆန်းချက်ဇ်အထုတ်ခံရလို့ ချီလီကို ဖိအားမပေးနိုင် ဖြစ်ခဲ့ရပါတယ်။ ပွဲပြီးခါနီးမှာ နှစ်ဖက်အသင်း ကစားပုံ ကြမ်းတမ်းခဲ့ပေမယ့်  ဗိုလ်လုပွဲ ရောက်ဖို့ သေချာသွားတဲ့ချီလီအသင်းက ဒဏ်ရာမရအောင် ထိန်းပြီး ကစားခဲ့တာတွေ့ရပါတယ်။

play

 

ကိုပါအမေရိကဖလား လက်ရှိချန်ပီယံ ချီလီအသင်းဟာ ဗိုလ်လုပွဲမှာ အာဂျင်တီးနားနဲ့ တွေ့ရတော့မှာဖြစ်ပါတယ်။  ၂၀၁၅ ဗိုလ်လုပွဲတုန်းကလည်း ဒီနှစ်သင်းပဲ တွေ့ဆုံခဲ့တာပါ။

play

Source : Goal/ Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ