International: CR7 အတွင်းခံကြော်ငြာတွေ ကိုယ်တိုင်ရိုက်ကူးထားတဲ့ ရော်နယ်ဒို

ကိုယ်ပိုင်လုပ်ငန်းတွေအတွက် ရော်နယ်ဒိုက အမြဲလိုလို ကိုယ်တိုင် မော်ဒယ်လုပ်ပြီး ရိုက်ကူးလေ့ ရှိပါတယ်။

play

 

ပေါ်တူဂီအသင်းနဲ့ ယူရိုချန်ပီယံဖြစ်ထားတဲ့ ရီးရဲလ်မက်ဒရစ် ကြယ်ပွင့်ကစားသမား ရော်နယ်ဒိုက ကိုယ်ပိုင်အတွင်းခံ လုပ်ငန်းအတွက် မော်ဒယ်အဖြစ် ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေ ထွက်လာခဲ့ပါတယ်။

play

 

အောင်မြင်တဲ့ ဘောလုံးသမားတစ်ဦးအဖြစ်သာမက အတွင်းခံနဲ့ အဝတ်အစားတွေ ထုတ်လုပ်တဲ့ လုပ်ငန်းတစ်ခုကိုလည်း ကိုယ်ပိုင်နာမည်သုံးပြီး ရော်နယ်ဒိုက တည်ထောင်ထားတာ ဖြစ်ပါတယ်။ CR 7  အမှတ်တံဆိပ်အတွက် အဝတ်အထည် ကုန်ပစ္စည်းတွေကို ရော်နယ်ကိုယ်တိုင် မော်ဒယ်လုပ်ပြီး  အမြဲကြော်ငြာလေ့ ရှိပါတယ်။

play

 

" ဒီလို ဒီဇိုင်းအခြေခံတဲ့ ထုတ်ကုန်ပစ္စည်းတွေ ထုတ်လုပ်မှုကို လုပ်ခွင့်ရတာက ကျွန်တော်တကယ်ပျော်ပါတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ကိုယ်စိတ်ဝင်စားတဲ့ လုပ်ငန်းတွေအားလုံးမှာ ပရော်ဖက်ရှင်နယ် ပီသချင်ပါတယ်" လို့ ရော်နယ်ဒိုက ဒီနှစ်ထဲမှာပဲ ပြောထားပါသေးတယ်။

အခုတော့ ရော်နယ်ဒိုက ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီဖြစ်ပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ