EURO 2016: နောက်ကျ အနိုင်ဂိုးဖြင့် အီတလီ နောက်တစ်ဆင့်တက်

အီတလီက အုပ်စု (E) မှာ နှစ်ပွဲကစား နှစ်ပွဲနိုင် ရမှတ် ၆ မှတ်ဖြင့် အုပ်စုတက်ရန် သေချာသွားခဲ့တာ ဖြစ်ပါတယ်။

play


ယူရို ၂၀၁၆ အုပ်စုပွဲစဉ်အဖြစ် အီတလီနဲ့ ဆွီဒင်အသင်းတို့ ယနေ့ (ဇွန်လ ၁၇ ရက်) ညပိုင်းက ပြင်သစ်နိုင်ငံ တူးလော့မြို့မှာ ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ ပွဲကစားချိန် ပြီးဆုံးခါနီးအထိ ဂိုးမရှိသရေရလဒ်သာ ဖြစ်ခဲ့ပြီး ၈၈ မိနစ်မှာတော့ အီတလီအတွက် အရေးပါတဲ့ အနိုင်ဂိုးကို အက်ဒါက သွင်းယူခဲ့ပြီး ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။

play


အီတလီအသင်းဟာ ယခုနိုင်ပွဲကြောင့် ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်ရောက်ခွင့်ရသွားခဲ့ပါတယ်။ အီတလီက အုပ်စု (E) မှာ နှစ်ပွဲကစား နှစ်ပွဲနိုင် ရမှတ် ၆ မှတ်ဖြင့် အုပ်စုတက်ရန် သေချာသွားခဲ့တာ ဖြစ်ပါတယ်။

play


ဆွီဒင်အသင်းမှာ နှစ်ပွဲကစား တစ်ပွဲသရေ တစ်ပွဲရှုံး ရမှတ်တစ်မှတ်သာ ရရှိထားပြီး ဘယ်လ်ဂျီယံနဲ့ ကစားရမယ့် အုပ်စု နောက်ဆုံးပွဲစဉ်ဟာ ဆွီဒင်အတွက် အဆုံးအဖြတ် ဖြစ်လာမှာပါ။

play


အုပ်စု (E) မှာ အီတလီက ၁၆ သင်း ရှုံးထွက်အဆင့် တက်ရောက်ခဲ့ပြီဖြစ်ပြီး အိုင်ယာလန်နဲ့ ဆွီဒင်တို့က နှစ်ပွဲကစား ရမှတ် ၁ မှတ်စီရရှိထားပါတယ်။ ဘယ်လ်ဂျီယံအသင်းမှာ တစ်ပွဲကစားပြီး ရမှတ်ရယူနိုင်ခြင်း မရှိသေးပါဘူး။

အုပ်စု (E) မှ ဘယ်လ်ဂျီယံနဲ့ အိုင်ယာလန်တို့ ပွဲစဉ်ကို ဇွန်လ ၁၈ ရက် ည ၇း၃၀ မှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ