EURO 2016: နောက်ဆုံးမိနစ်အထိ စိတ်လှုပ်ရှားစရာ ချက်နဲ့ခရိုအေးရှား သရေပွဲစဉ်

ချက်နဲ့ခရိုအေးရှား ပွဲစဉ်အတွင်း ခရိုအေးရှားပရိသတ်တွေက ကွင်းအတွင်း မီးရှူးမီးပန်းများ ပစ်လွှတ်ခဲ့မှုကြောင့် ပွဲကို ခေတ္တရပ်နားခဲ့ရပါတယ်။

play


ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲ အုပ်စု (D) မှ ချက်ရီပတ်ဘလစ်နဲ့ ခရိုအေးရှားတို့ရဲ့ ပွဲစဉ်ကို ဇွန်လ ၁၇ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ပါတယ်။

play

ချက်အသင်းဟာ သာမန်ပွဲကစားချိန် ပြီးဆုံးတဲ့အထိ ရှုံးနိမ့်နေခဲ့ရာက နာကျင်အချိန်ပိုမှာ ပင်နယ်တီကန်ခွင့်ရရှိပြီး ၂ ဂိုးစီ သရေရလဒ် ဖြစ်ခဲ့ပါတယ်။

play


ခရိုအေးရှားအတွက် အဖွင့်ဂိုးကို ပထမပိုင်း ၃၇ မိနစ်မှာ ပါရီဆစ်က ချက်နောက်ခံလူများကြားကနေ ကန်သွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်း ပွဲကစားချိန် ၅၉ မိနစ်မှာ ရီကီတစ်က ခရိုအေးရှားအတွက် နောက်ထပ် ဦးဆောင်ဂိုးတစ်ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။

play


ခရိုအေးရှားက ပွဲကစားချိန် ၇၅ မိနစ်အထိ ၂-၀ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ပေမဲ့ ၇၆ မိနစ်မှာတော့ ချက်အသင်းအတွက် ချေပဂိုးကို စကိုဒါက သွင်းယူခဲ့ပါတယ်။ သာမန်ပွဲကစားချိန် မိနစ် ၉၀ ပြည့်တဲ့အထိ ခရိုအေးရှားက ၂-၁ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ပါတယ်။

play


ဒါပေမဲ့ နာကျင်အချိန်ပိုအတွင်း ၉၂ မိနစ်မှာတော့ ချက်အသင်းက ခရိုအေးရှား ဂိုးဧရိယာအတွင်း ကန်တင်လိုက်တဲ့ ဘောလုံးကို ခရိုအေးရှား ကစားသမား ဗီဒါက ဖျက်ထုတ်ရာမှာ လက်ထိဘောဖြစ်ခဲ့တာကြောင့် ပင်နယ်တီပြစ်ဒဏ်အဖြစ် ကွင်းလယ်ဒိုင်က သတ်မှတ်ခဲ့ပါတယ်။

play

 

play


ချက်အသင်း ရရှိတဲ့ ပင်နယ်တီပြစ်ဒဏ်ဘောကို တိုမတ်နီဆစ်က အမှားအယွင်းမရှိ ကန်သွင်းယူခဲ့ပြီး နှစ်ဂိုးစီသရေရလဒ် ဖြစ်စေခဲ့ပါတယ်။

play


ချက်နဲ့ခရိုအေးရှား ပွဲစဉ်အတွင်း ခရိုအေးရှားပရိသတ်တွေက ကွင်းအတွင်း မီးရှူးမီးပန်းများ ပစ်လွှတ်ခဲ့မှုကြောင့် ပွဲကို ခေတ္တရပ်နားခဲ့ရပါတယ်။

play


ယခုပွဲစဉ် သရေရလဒ်ကြောင့် အုပ်စု (D) မှာ ခရိုအေးရှားက ရမှတ် ၄ မှတ်၊ စပိန်က ရမှတ် ၄ မှတ်၊ ချက်က ရမှတ် ၁ မှတ်နဲ့ တူရကီက ရမှတ်မရှိသေးဘဲ အစဉ်လိုက် ရပ်တည်နေပါတယ်။

play


စပိန်နဲ့တူရကီတို့ ပွဲစဉ်ကို ယနေ့ (ဇွန်လ ၁၈ ရက်) နံနက် ၁း၃၀ မှာ ယှဉ်ပြိုင်ကစားပါတယ်။


Source & Photo: Reuters, Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ