EURO 2016: သုံးဂိုးပြတ်နိုင်ပွဲနဲ့အတူ စပိန်အသင်း ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်

အုပ်စု နောက်ဆုံးပွဲစဉ်များအဖြစ် စပိန်နဲ့ ခရိုအေးရှား၊ တူရကီက ချက်ရီပတ်ဘလစ်နဲ့ ဆက်လက် ယှဉ်ပြိုင်ကစားရမှာပါ ဖြစ်ပါတယ်။

play


ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲ အုပ်စု (D) မှာ စပိန်နဲ့ တူရကီအသင်းတို့ ပွဲစဉ်ကို ဇွန်လ ၁၈ ရက် နံနက် ၁း၃၀ မှာ ယှဉ်ပြိုင်ကစားခဲ့ရာ စပိန်က ၃-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရပြီး ၁၆ သင်းရှုံးထွက်အဆင့်သို့ တက်ရောက်သွားပြီ ဖြစ်ပါတယ်။

play


စပိန်အသင်းအတွက် အဖွင့်ဦးဆောင်ဂိုးကို ပွဲကစားချိန် ၃၄ မိနစ်မှာ နိုလီတိုရဲ့ ဂိုးဧရိယာအတွင်းသို့ ပေးပို့မှုမှတစ်ဆင့် မိုရာတာက ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။

play


ပွဲကစားချိန် ၃၇ မိနစ်မှာ ဖာဘရီဂက်စ်က တူရကီ ဂိုးဧရိယာထဲကို ကန်တင်ပေးပို့ခဲ့မှုကို တူရကီနောက်တန်းက ခေါင်းတိုက် ဖျက်ထုတ်လိုက်ရာမှ ပြန်ကျလာတဲ့ ဘောလုံးကို နိုလီတိုက ဘယ်ဖက်ထောင့်သို့ အနီးကပ် ကန်သွင်းယူခဲ့ပါတယ်။

play


ပထမပိုင်းပွဲကစားချိန်အပြီးမှာ စပိန်က ၂-၀ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း ပြန်လည်စတင်ပြီး မကြာမီ ပွဲကစားချိန် ၄၈ မိနစ်မှာ မိုရာတာက ဂျိုဒီအယ်လ်ဘာရဲ့ ဖန်တီးပေးပို့မှုမှတစ်ဆင့် စပိန်အတွက် တတိယဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။

play


တူရကီအသင်းကတော့ အုပ်စုပွဲစဉ် နှစ်ပွဲကစားအပြီးမှာ နှစ်ပွဲလုံး ရှုံးနိမ့်ထားပြီး အမှတ်မရရှိသေးပါဘူး။ အုပ်စု (D) ရဲ့ နောက်ဆုံးပွဲစဉ်များအဖြစ် စပိန်နဲ့ ခရိုအေးရှား၊ တူရကီက ချက်ရီပတ်ဘလစ်နဲ့ ဆက်လက် ယှဉ်ပြိုင်ကစားရမှာပါ ဖြစ်ပါတယ်။

Source & Photo: BBC, Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ