EURO 2016: ပရိသတ်များ သောင်းကျန်းမှုဖြင့် ခရိုအေးရှားနဲ့ တူရကီ အရေးယူခံရ

ခရိုအေးရှားနဲ့ တူရကီ ဘောလုံးပရိသတ်တွေက ပွဲစဉ်အတွင်း ဘောလုံးကွင်းထဲသို့ အရာဝတ္ထုများ၊ မီးရှူးမီးပန်းများဖြင့် ပစ်ပေါက်မှုတို့ ပြုလုပ်ခဲ့တယ်လို့ ယူအီးအက်ဖ်အေက ပြောပါတယ်။

play


ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲဝင် ခရိုအေးရှားနဲ့ တူရကီအသင်းတို့ကို ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) က စည်းကမ်းထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး အရေးယူခဲ့ကြောင်း သိရပါတယ်။

play


ခရိုအေးရှားနဲ့ တူရကီ ပရိသတ်များက ယူရို ၂၀၁၆ ပွဲစဉ်အတွင်း ရမ်းကားခဲ့မှုကြောင့် သက်ဆိုင်ရာ ဘောလုံးအဖွဲ့ချုပ်တွေကို အရေးယူဖွယ် ရှိနေပါတယ်။

play


ခရိုအေးရှားနဲ့ တူရကီ ဘောလုံးအဖွဲ့ချုပ်တို့ဟာ ၎င်းတို့နိုင်ငံမှ ဘောလုံးပရိသတ်များ ဘောလုံးပွဲစဉ် လာရောက်ကြည့်ရှုခွင့် ပိတ်ပင်သည့်ပြစ်ဒဏ်နဲ့ ရင်ဆိုင်ရနိုင်ကြောင်း သိရပါတယ်။

play


ခရိုအေးရှားနဲ့ တူရကီ ဘောလုံးပရိသတ်တွေက ပွဲစဉ်အတွင်း ဘောလုံးကွင်းထဲသို့ အရာဝတ္ထုများ၊ မီးရှူးမီးပန်းများဖြင့် ပစ်ပေါက်မှုတို့ ပြုလုပ်ခဲ့တယ်လို့ ယူအီးအက်ဖ်အေက ပြောပါတယ်။ ခရိုအေးရှားမှာ ပရိသတ်များရဲ့ လူမျိုးရေးခွဲခြားမှု အပြုအမူအတွက်လည်း အရေးယူခံရမှာ ဖြစ်ပါတယ်။

play


ခရိုအေးရှားနဲ့ တူရကီ ဘောလုံးပရိသတ်တွေက သောကြာနေ့ (ဇွန်လ ၁၇ ရက်) ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချက်ရီပတ်ဘလစ်နဲ့ ခရိုအေးရှား၊ စပိန်နဲ့ တူရကီ ပွဲစဉ်အတွင်း သောင်းကျန်းခဲ့တာဖြစ်ကြောင်း သိရပါတယ်။


Source & Photo: Daiily Mail, Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ