EURO 2016: ဂိုးပြတ်နိုင်ပွဲနဲ့အတူ နောက်တစ်ဆင့်တက်ရန် မျှော်လင့်ချက်ရှိလာတဲ့ ဘယ်လ်ဂျီယံ

, updated

ဘယ်လ်ဂျီယံက နှစ်ပွဲကစားပြီး ရမှတ် ၃ မှတ်ဖြင့် အုပ်စုဒုတိယနေရာမှာ ရပ်တည်နေပါတယ်။

play


ယူရို ၂၀၁၆ ပြိုင်ပွဲ အုပ်စု (E) မှ ဘယ်လ်ဂျီယံနဲ့ အိုင်ယာလန်တို့ရဲ့ ပွဲစဉ်ကို ဇွန်လ ၁၈ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ ဘယ်လ်ဂျီယံက ၃-၀ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိကာ အုပ်စုတက်ရေးမျှော်လင့်ချက် ရှိလာခဲ့ပါတယ်။

play


အုပ်စုပထမပွဲစဉ်မှာ အီတလီကို ၂ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့ပေမဲ့ ယခု ဒုတိယပွဲစဉ်မှာတော့ ဘယ်လ်ဂျီယံတို့ နိုင်ပွဲပြန်ရပြီး ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ရန် မျှော်လင့်ချက် ပြန်ရှိလာခဲ့ပါတယ်။

play


ယခုပွဲစဉ် ပထမပိုင်းမှာ ဘယ်လ်ဂျီယံက ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူပြီး တိုက်စစ်ဆင်မှုများ ပြုလုပ်ခဲ့ပေမဲ့ တစ်ဖက်နဲ့တစ်ဖက် ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ဒုတိယပိုင်း ပြန်လည် စတင်ခဲ့ပြီး မကြာမီ ပွဲကစားချိန် ၄၈ မိနစ်မှာတော့ ဘယ်လ်ဂျီယံအသင်းက အဖွင့်ဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။

play


ကီဗင်ဒီဘရွန်းရဲ့ ပေးပို့မှုမှတစ်ဆင့် တိုက်စစ်မှူး လူကာကူက ဂိုးဧရိယာအစပ်မှ ဘယ်ဖက်ထောင့်ကို လှလှပပ ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ပွဲကစားချိန် ၆၁ မိနစ်မှာ သောမတ်စ်ရဲ့ သေသပ်ကောင်းမွန်လှတဲ့ ဖြတ်တင်ပေးပို့မှုမှတစ်ဆင့် ဝစ်ဆဲလ်က ခေါင်းတိုက်ဂိုးသွင်းယူခဲ့ပါတယ်။

play


ဆက်လက်ပြီး ပွဲကစားချိန် မိနစ် ၇၀ မှာ ဟာဇက်က အိုင်ယာလန် ကစားသမားတွေကို ဖြတ်ကျော်ကာ ဂိုးဧရိယာအတွင်း ဆွဲယူလာပြီး အသင့်လိုက်ပါလာတဲ့ လူကာကူထံ ပေးပို့ခဲ့ရာ လူကာကူက အမှားအယွင်းမရှိ ကန်သွင်းယူခဲ့ကာ ဘယ်လ်ဂျီယံအတွက် တတိယမြောက် အနိုင်ဂိုးရခဲ့ပါတယ်။

play


ဘယ်လ်ဂျီယံဟာ ယခုနိုင်ပွဲကြောင့် ရမှတ် ၃ မှတ်ဖြင့် အုပ်စုတွင်း ဒုတိယနေရာမှာ ရပ်တည်လာနိုင်ခဲ့ပါတယ်။ အုပ်စု (E) မှာ အီတလီက နှစ်ပွဲကစား နှစ်ပွဲနိုင် ရမှတ် ၆ မှတ်ဖြင့် နောက်တစ်ဆင့်ကို တက်ရောက်သွားခဲ့ပြီး ဖြစ်ပါတယ်။

play


ဘယ်လ်ဂျီယံက နှစ်ပွဲကစားပြီး ရမှတ် ၃ မှတ်ဖြင့် ဒုတိယ၊ ဆွီဒင်က နှစ်ပွဲကစားပြီး ရမှတ် တစ်မှတ်ဖြင့် တတိယနဲ့ အိုင်ယာလန်က နှစ်ပွဲကစားပြီး ရမှတ်တစ်မှတ်ဖြင့် စတုတ္တနေရာတို့မှာ အသီးသီး ရပ်တည်နေပါတယ်။ ဘယ်လ်ဂျီယံဟာ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဆွီဒင်အသင်းနဲ့ ဇွန်လ ၂၃ ရက် နံနက် ၁း၃၀ မှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။


Source & Photo: BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ