EURO 2016: လူကာမိုဒရစ် ဒဏ်ရာကြောင့် စပိန်နဲ့ပွဲစဉ်ကို လွဲချော်နိုင်

, updated

ချက်ရီပတ်ဘလစ်နဲ့ နှစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ် ဒုတိယပိုင်းမှာ မိုဒရစ် ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

play


ခရိုအေးရှားအသင်းရဲ့ အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်ကို အဓိက ကွင်းလယ်ကစားသမား လူကာမိုဒရစ် လွဲချော်ဖွယ်ရှိနေကြောင်း သိရပါတယ်။ မိုဒရစ်ဟာ ပေါင်ခြံဒဏ်ရာကြောင့် စပိန်အသင်းနဲ့ ကစားရမယ့် အုပ်စု (D) ရဲ့ နောက်ဆုံးပွဲစဉ်မှာ ပါဝင်ကစားနိုင်ဖွယ် မရှိကြောင်း ခရိုအေးရှားအသင်း ဆရာဝန် ဘောရစ်နီမက်က ပြောပါတယ်။

play


ဇွန်လ ၁၇ ရက်က ချက်ရီပတ်ဘလစ်နဲ့ နှစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ် ဒုတိယပိုင်းမှာ မိုဒရစ် ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။ မိုဒရစ်ရဲ့ ပေါင်ခြံကြွက်သား ရောင်ရမ်းနေတဲ့ ဒဏ်ရာဖြစ်ကြောင့် အသင်းဆရာဝန်က ခရိုအေးရှား သတင်းမီဒီယာတွေကို ပြောပါတယ်။ မိုဒရစ်ဟာ လာမယ့် ရက်အနည်းငယ်အတွင်းမှာ လေ့ကျင့်ခန်း ပြန်ဆင်းမှာဖြစ်ပြီး စပိန်နဲ့ပွဲစဉ်ကိုတော့ လွဲချော်နိုင်ကြောင်း ၎င်းကဆိုပါတယ်။
Source & Photo: Reuters, Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ