EURO 2016: ဆိုးသွမ်းခဲ့သည့် ပရိသတ်များကို အကြမ်းဖက်သမားများဟု ခရိုအေးရှားနည်းပြ ကာဆစ် ဝေဖန်

, updated

ခရိုအေးရှားနဲ့ ချက်ဇ်အသင်းပွဲစဉ်မှာ ပရိသတ်တွေ အကြမ်းဖက် ဆိုးသွမ်းခဲ့ကြတာဖြစ်ပါတယ်။

play

 

ချက်ဇ်အသင်းနဲ့ ခရိုအေးရှား ရင်ဆိုင်ခဲ့တဲ့ ယူရိုပွဲစဉ်မှာ ဆူပူအကြမ်းဖက်ခဲ့သူတွေဟာ ဘောလုံးပရိသတ်တွေမဟုတ်ဘဲ အားကစားအကြမ်းဖက်သမားတွေသာ ဖြစ်တယ်လို့ ခရိုအေးရှားအသင်းနည်းပြ ကာဆစ်က ဝေဖန်ပြောကြားလိုက်ပါတယ်။

play

 

တစ်ဖက် နှစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ ခရိုအေးရှား ပရိသတ်တစ်စုရဲ့ ဆူပူမူကြောင့် ကွင်းအတွင်း ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ရပါသေးတယ်။ ယူအီးအက်ဖ်အေကလည်း ဒီလုပ်ရပ်အတွက် ခရိုအေးရှား ဘောလုံးအဖွဲ့ချုပ်ကို စွဲချက်တင်စုံစမ်းစစ်ဆေးဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။ ခရိုအေးရှားအသင်းအတွက် ဒီလိုကြုံတွေ့ရတာ နှစ်ကြိမ်မြောက်ဖြစ်ပြီး အုပ်စုအဖွင့်ပွဲစဉ် တူရကီနဲ့ပွဲမှာလည်း ဒီလိုစွဲချက်တင်ခံထားရပါသေးတယ်။

play

 

ဒီတစ်ကြိမ်မှာ ဆူပူမှု ပိုမိုကြီးမားတဲ့အတွက် ကြီးမားတဲ့ ပြစ်ဒဏ်တစ်ခုခုကို ခရိုအေးရှား ခံစားရဖွယ် ရှိနေပါတယ်။ ဆိုးသွမ်းပရိသတ်တွေက မီးပန်းတွေနဲ့ ပေါက်လို့ ကွင်းအတွင်း ဘောလုံးပွဲ ရပ်နားခဲ့ရပါသေးတယ်။ ဒီပြစ်ဒဏ်အတွက် ခရိုအေးရှားနဲ့ တူရကီ ဘောလုံးအဖွဲ့ချုပ်ကို စနေနေ့မှာပဲ ယူအီးအက်ဖ်အေက စွဲချက်တင်လိုက်ပြီဖြစ်ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ