EURO 2016: ရော်နယ်ဒို ပင်နယ်တီ လွဲပြီး ပေါ်တူဂီ နှစ်ပွဲဆက်တိုက် သရေကျ

, updated

အုပ်စုနောက်ဆုံးပွဲမှာ အနိုင်ရမှသာ ပေါ်တူဂီ နောက်တစ်ဆင့် တက်နိုင်တော့မှာပါ။

play


ယူရိုပြိုင်ပွဲ အုပ်စု ဒုတိယပွဲစဉ်မှာလည်း နာမည်ကျော် ပေါ်တူဂီအသင်းက နိုင်ပွဲရှာမတွေ့ခဲ့ဘဲ ဂိုးမရှိသရေနဲ့သာ ပြီးဆုံးခဲ့ပြန်ပါတယ်။ ဒီသရေပွဲစဉ်ကြောင့် ပေါ်တူဂီအသင်းက နှစ်ပွဲကစား နှစ်မှတ်သာရသေးပြီး အုပ်စုနောက်ဆုံးပွဲမှာ မဖြစ်မနေ နိုင်ပွဲ ရှာဖွေရတော့မှာ ဖြစ်ပါတယ်။

play


ပေါ်တူဂီအသင်းတိုက်စစ်မှာ နာနီနဲ့ ရော်နယ်ဒိုတို့ကို ပွဲထုတ်ခဲ့ပေမဲ့ ထင်သလောက် သြစတြီးယားအသင်းကို မခြိမ်းခြောက်နိုင်ခဲ့ပါဘူး။ သြစတြီးယား အသင်းဘက်က တိုက်စစ်ထက် ဂိုးမပေးရဖို့ကိုသာ ပိုပြီး အာရုံစိုက်ခဲ့တဲ့အတွက်လည်း ပေါ်တူဂီအခက်တွေ့ခဲ့ရတာဖြစ်ပါတယ်။

play

ပွဲစပြီး ငါးမိနစ်မှာတင် သြစတြီးယားအသင်း အဖွင့်ဂိုးရဖို့ အလွန်နီးစပ်ခဲ့ပေမဲ့ တိုက်စစ်မှူးဟာနစ် အဆုံးသတ် မသေချာလို့ လွဲခဲ့ပါတယ်။

play


ပထမပိုင်းမှာကတည်းက ပေါ်တူဂီအသင်းဘက်က ဂိုးပေါက်ကန်သွင်းခွင့် အချို့ရခဲ့ပေမဲ့ တိုက်စစ်မှူးတွေ အနည်းငယ် အချိတ်အဆက် လိုအပ်နေခဲ့လို့ ရသင့်တဲ့ဂိုး မရခဲ့ပါဘူး။

play


ဒုတိယပိုင်းမှာ ပေါ်တူဂီအသင်း ဂိုးပေါက်ကန်သွင်းဖို့ အခွင့်အရေးတွေ ပိုရလာပြီး ရော်နယ်ဒိုလည်း ဖရီးကစ်ကန်ခွင့်အကြိမ်ကြိမ် ရခဲ့ပါတယ်။

play


ပွဲချိန် ၇၈ မိနစ်မှာ ပေါ်တူဂီအသင်း ပင်နယ်တီရပါတယ်။ ပေါ်တူဂီ တိုက်စစ်မှူး ရော်နယ်ဒိုကို သြစတြီးယားကစားသမား ဟိုင်ထရစ်ဂျာ ဆွဲလှဲသလို ဖြစ်ခဲ့တဲ့အတွက် ကွင်းလယ်ဒိုင်က ပင်နယ်တီပေးခဲ့တာပါ။ ဒါပေမဲ့ ရော်နယ်ဒို ကန်သွင်းရာမှာ တိုင်ထိပြီး ပြန်ထွက်သွားလို့ အဖွင့်ဂိုး မရခဲ့ပါဘူး။

play


နောက်ထပ် ၈၄ မိနစ်မှာ ဖြတ်တင်ဘောကို ရော်နယ်ဒို ခေါင်းတိုက်သွင်းယူပေမဲ့လည်း လူကျွံဘောဖြစ်နေတဲ့အတွက် ပေါ်တူဂီ နစ်နာခဲ့ပြန်ပါတယ်။ ဘယ်သူမှ ဂိုးထပ်မသွင်းနိုင်တော့လို့ ပွဲအပြီးမှာ သရေနဲ့သာပြီးဆုံးခဲ့ရပါတယ်။

play


တစ်ဖက်က ပွဲစဉ်မှာလည်း အိုက်စလန်နဲ့ ဟန်ဂေရီသရေပွဲစဉ် ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် လာမယ့်အုပ်စုနောက်ဆုံးပွဲစဉ်မှာ ဟန်ဂေရီ၊ အိုက်စလန်၊ ပေါ်တူဂီ သုံးသင်းထဲက အနိုင်ရတဲ့အသင်းတွေ နောက်တစ်ဆင့် တက်မှာဖြစ်ပါတယ်။

Source : Daily Mail/ The Guardian

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ