EURO 2016: ချက်အသင်းခေါင်းဆောင် ရိုဆစ်စကီး ယူရိုလက်ကျန်ပွဲများနဲ့ လွဲချော်

ရိုဆစ်စကီးဟာ ခရိုအေးရှားနဲ့ နှစ်ဂိုးစီ သရေကျတဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

play


ချက်ရီပတ်ဘလစ် အသင်းခေါင်းဆောင် သောမတ်စ် ရိုဆစ်စကီးမှာ ပေါင်ဒဏ်ရာကြောင့် ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲ လက်ကျန်ပွဲစဉ် အားလုံးကို လွဲချော်နိုင်ကြောင်း သိရပါတယ်။ ရိုဆစ်စကီးဟာ သောကြာနေ့ (ဇွန်လ ၁၇ ရက်) က ယှဉ်ပြိုင်ကစားခဲ့တဲ့ ခရိုအေးရှားနဲ့ နှစ်ဂိုးစီ သရေကျတဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

play


ဓာတ်မှန်ရိုက်စစ်ဆေးမှုအရ ရိုဆစ်စကီးရဲ့ ပေါင်ကြွက်သားစုတ်ပြတ်မှု ဒဏ်ရာဖြစ်နေကြောင်း တွေ့ရှိရတယ်လို့ အသင်းဆရာဝန် ဇီမန်းက ပြောကြားကြောင်း ချက်ရီပတ်ဘလစ် နေ့စဉ်ထုတ်သတင်းစာ Mlada Fronta Dnes က ၎င်းတို့ရဲ့ဝက်ဘ်ဆိုက်မှာ သတင်းဖော်ပြပါတယ်။

play


ကွင်းလယ်ကစားသမား ရိုဆစ်စကီးဟာ ယူရို ၂၀၁၆ လက်ကျန်ပွဲစဉ်တွေမှာ ပါဝင်နိုင်တော့မှာ မဟုတ်ကြောင်းနဲ့ တူရကီနဲ့ အုပ်စုနောက်ဆုံးပွဲကို သေချာပေါက် လွဲချော်မှာဖြစ်ကြောင်း အသင်းဆရာဝန်က ပြောပါတယ်။
Source & Photo: Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ