Euro 2016: ယနေ့ည အင်္ဂလန်ပွဲထွက်စာရင်းတွင် ရွန်နေး၊ ဟယ်ရီကိန်းနှင့် စတာလင်တို့ ပါဝင်ဖွယ်မရှိ

, updated

နည်းပြရွိုင်းဟော့ဆန်က ပွဲထွက်စာရင်းကို ကစားသမား အပြောင်းအလဲ ခြောက်နေရာလောက် လုပ်သွားဖွယ် ရှိပါတယ်။

 

ယနေ့ည ကစားမယ့် အင်္ဂလန်အသင်းရဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ အသင်းပွဲထွက်စာရင်းကို နည်းပြရွိုင်းဟော့ဆန် အပြောင်းအလဲများစွာ ပြုလုပ်မယ်လို့ အင်္ဂလန်မီဒီယာတွေက ရေးသားဖော်ပြကြပါတယ်။ အင်္ဂလန်က ဆလိုဗက်ကီးယားနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး သရေရတာနဲ့ နောက်တစ်ဆင့် တက်မှာ ဖြစ်ပါတယ်။

 

ပွဲထွက်ကစားသမားစာရင်းမှာ အသင်းခေါင်းဆောင်ရွန်နေးကို ချန်လှပ်ထားခဲ့မယ်လို့ သိရပါတယ်။ ရွန်နေးအပါအဝင် ရှေ့ပွဲစဉ်နှစ်ပွဲမှာ ပါဝင်ခဲ့တဲ့ ပွဲထွက်ကစားသမား ခြောက်ဦးခန့်ကို အနားပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အသင်းတိုက်စစ်ကို အပြောင်းအလဲ ပြုလုပ်သွားမှာဖြစ်ပြီး ဟယ်ရီကိန်းနဲ့ စတာလင်တို့ကို ချန်လှပ်ကာ ဝေးလ်နဲ့ပွဲမှာ ဂိုးသွင်းခဲ့ကြတဲ့ ဗာဒီနဲ့ စတာရစ်ခ်ျတို့ကို ပွဲထုတ်မယ်လို့ သိရပါတယ်။

 

အင်္ဂလန်ပွဲထွက်စာရင်းမှာ အာဆင်နယ်ကစားသမား ဝီရှိုင်းယားနဲ့ လီဗာပူးကစာသမား ဟန်ဒါဆင်တို့လည်း ပါဝင်လာဖွယ် ရှိနေပါတယ်။ အသင်းမှာ ပွဲမထွက်ရသေးတဲ့ ကစားသမားတွေရှိပေမဲ့ လေ့ကျင့်ရေးကွင်းမှာတော့ အကောင်းဆုံးကစားနိုင်တယ်ဆိုတာ တွေ့နေရကြောင်း နည်းပြရွိုင်းဟော့ဆန်က ပြောပါတယ်။

 

နောက်ထပ် သတင်းတစ်ရပ်အရ အင်္ဂလန်အသင်းကို ဒီနှစ်ယူရိုပြိုင်ပွဲမှာ အနိမ့်ဆုံး ကွာတားဖိုင်နယ်ရောက်အောင် စွမ်းဆောင်ပေးနိုင်မယ် ဆိုရင် အက်ဖ်အေက နည်းပြရွိုင်းဟော့ဆန်ကို စာချုပ်ထပ်မံ တိုးမြှင့်ဖွယ် ရှိနေပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ