Euro 2016: ရှုံးပွဲအတွက် ဂိုးသမား ဒီဂီယာကို အပြစ်တင်စရာ မရှိဟု နည်းပြဒဲလ်ဘော့စကေး ပြော

ခရိုအေးရှားကို ရှုံးခဲ့လို့ စပိန်က ၁၆ သင်းအဆင့်မှာ အီတလီနဲ့ တွေ့ရတော့မှာ ဖြစ်ပါတယ်။

play

 

အုပ်စုနောက်ဆုံးပွဲမှာ ခရိုအေးရှားအသင်းကို ရှုံးခဲ့ပေမယ့် အမှားလုပ်မိခဲ့တဲ့ ဂိုးသမား ဒီဂီယာကို အပြစ်မတင်ဘူးလို့ စပိန်အသင်းနည်းပြ ဒဲလ်ဘော့စကေးက ပြောကြားလိုက်ပါတယ်။ စပိန်အသင်းက မထင်မှတ်ပဲ ခရိုအေးရှားကို ရှုံးနိမ့်ခဲ့တဲ့အတွက် ၁၆ သင်းအဆင့်မှာ အီတလီနဲ့ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။

play

 

စပိန်အသင်းက ပွဲချိန် ၇ မိနစ်ကတည်းက ရတဲ့အဖွင့်ဂိုးနဲ့ ခရိုအေးရှားအသင်းကို ဦးဆောင်ခဲ့ပေမယ့် ပွဲပြီးခါနီးမှာ ပေးခဲ့ရတဲ့ အနိုင်ဂိုးကြောင့် ရှုံးပွဲတွေ့ခဲ့တာ ဖြစ်ပါတယ်။ ခရိုအေးရှားအသင်းသွင်းယူသွားတဲ့ ဒုတိယဂိုးဟာ ဒေးဗစ်ဒီဂီယာ ပေါ့ဆမှုကတဆင့် ပေးလိုက်ရတာလို့ သုံးသပ်ထားကြပေမယ့် နည်းပြ ဒဲလ်ဘော့စကေးကတော့ ဒါကို ငြင်ဆိုခဲ့ပါတယ်။ အသင်းရှုံးခဲ့ပေမယ့် ခရိုအေးရှားကို ဖိအားပေးပြီးကောင်းကောင်း ကစားနိုင်ခဲ့တာကိုတော့ အားလုံး အမြင် ဖြစ်ကြောင်း ဒဲလ်ဘော့စကေးက တုန့်ပြန်ထားပါတယ်။

play

 

" ဒီဂိုးအတွက်တော့ ဒီဂီယာကို ကျွန်တော်အပြစ်တင်စရာ အကြောင်းမရှိပါဘူး။ ရှုံးပွဲတွေ့တဲ့အခါ တစ်သင်းလုံးမှာ အပြစ်ရှိပါတယ်။ ဒါပေမယ့်လည်း ကျွန်တောတို့ ကစားပုံ ဆိုးရွားခဲ့တာတော့ မဟုတ်ပါဘူး" လို့ နည်းပြဒဲလ်ဘော့စကေးက ပြောပါတယ်။ ခရိုအေးရှားက ဒီပွဲအနိုင်ရခဲ့တဲ့အတွက် ၁၆ သင်းရှုံးထွက်အဆင့် ပြိုင်ပွဲမှာ ဘယ်လ်ဂျီယံ သို့မဟုတ် ဆွီဒင်နဲ့ တွေ့ရဖွယ် ရှိပါတယ်။

Source : Marca

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ