Euro 2016: ရော်နယ်ဒို နှစ်ဂိုးသွင်းပြီး ပေါ်တူဂီ နောက်တဆင့် တက်ခွင့်ရ

ပေါ်တူဂီအသင်း အုပ်စုတတိယသာ ရပေမယ့် နောက်တဆင့် တက်ခွင့်တော့ ရခဲ့ပါတယ်။

play


ရော်နယ်ဒို နောက်က လိုက်သွင်းတဲ့ ချေပဂိုးတွေကြောင့် ပေါ်တူဂီ ၁၆ သင်းရှုံးထွက်အဆင့် ရောက်လာခဲ့ပါတယ်။ အနိုင်ရမှ စိတ်ချရမယ့် ပေါ်တူဂီအသင်းကလည်း ပွဲစကတည်းက တိုက်စစ်ကိုအစွမ်းကုန် ဖွင့်ကစားခဲ့တာတွေ့ရပါတယ်။

ဒါပေမယ့် အသင်းခေါင်းဆောင် ရော်နယ်ဒို အနည်းငယ် တကိုယ်ကောင်းဆန်ခဲ့မှုတွေအပြင် ဟန်ဂေရီ ခံစစ်ကလည်း အမှားအယွင်းမရှိခဲ့တာကြောင်း ဂိုးရဖို့ ခက်ခဲနေခဲ့ပါတယ်။

play


ပွဲစပြီး မိနစ် ၂၀ လောက်အတွင်း ပေါ်တူဂီအသင်းက ဂိုးပေါက်ကန်သွင်းမှု ငါးကြိမ်ထက်မနည်း ကြိုးစားခဲ့ပေမယ့် အပိုင်ကန်သွင်းချက်တော့ တစ်ကြိမ်ခန့်သာ ရခဲ့ပါတယ်။ ပေါ်တူဂီ ဂိုးပေါက်ကို ပွဲချိန် ၂၁ မိနစ်အထိ နှစ်ကြိမ်ပဲ ခြိမ်းခြောက်နိုင်တဲ့ ဟန်ဂေရီက ဒုတိယအကြိမ်မှာ ဂိုးရသွားတာဖြစ်ပါတယ်။

play


ပေါ်တူဂီ ဂိုးဧရိယာထဲက ထွက်လာတဲ့ ဘောလုံးကို ကွင်းလယ်တိုက်စစ်မှူး ဂီရာက အပြင်းကန်သွင်ူးလိုက်တာဖြစ်ပါတယ်။ ပထမပိုင်း ပြီးခါနီး ၄၂ မိန်စမှာ ပေါ်တူဂီ ချေပဂိုး ပြန်ရပါတယ်။ ရော်နယ်ဒိုရဲ့ ခပ်ဝေးဝေးက ပေးပို့မှုကို နာနီအပြေးရောက်လာပြီး သွင်းယူလိုက်တာဖြစ်ပါတယ်။

play


ဒုတိယပိုင်းမှာ ပွဲစတာနဲ့ ဟန်ဂေရီ ဂိုးပြန်ရပါတယ်။ ပြစ်ဒဏ်ဘောကတဆင့် ဆူဒက်ဆက် ကန်သွင်းရာမှာ ပေါ်တူဂီ ကစားသမား ဂိုမက်ဇ်နဲ့ထိပြီး လမ်းကြောင်း ပြောင်းသွားတာဖြစ်ပါတယ်။

play
play

 

 ဒါပေမယ့် သုံးမိနစ်အကြာမှာ ပေါ်တူဂီက ချေပဂိုး ပြန်လိုက်သွင်းတဲ့အတက် ဟန်ဂေရီ အခက်တွေ့ခဲ့ရပါတယ်။ ညာခြမ်းက ဖြတ်တင်လိုက်တဲ့ ဘောလုံးကို ရော်နယ်ဒိုက နောက်ခြေခွင်နဲ့ သွင်းယူလိုက်တာပါ။

play

 

မထင်မှတ်ပဲ ၅၆ မိနစ်မှာ ဟန်ဂေရီ ဦးဆောင်ဂိုးထပ်ရပြန်ပါတယ်။ ဆူဒက်ဆက် ကန်လိုက်တဲ့ ပြစ်ဒဏ်ဘော လူထိထွက်လာတဲ့အခါ ဘောလုံးပြန်ရသွားပြီး ဂိုးပေါက်ဆီ အပြင်းကန်သွင်းခဲ့ရာမှာ နာနီနဲ့ထိပြီး လမ်းကြောင်းပြောင်းသွားလို့ ဂိုးပေးခဲ့ရပြန်ပါတယ်။

play

 

၆၂ မိနစ်မှာ ပေါ်တူဂီအတွက် တတိချေပဂိုးကို ရော်နယ်ဒို သွင်းနိုင်ခဲ့ပြန်ပါတယ်။ ကွာရက်စ်မာ ဖြတ်တင်လိုကတဲ့ ဘောလုံးကို ရော်နယ်ဒို ခေါင်းတိုက် သွင်းယူလိုက်တာပါ။ အဲဒီနောက် ပွဲပြီးတဲ့အထိ ပေါ်တူဂီကသာ တောက်လျှောက်ဖိကစားခဲ့တာ တွေ့ရပါတယ်။ ဟန်ဂေရီက ခံစစ်ကို အမှားအယွင်းမရှိ ကစားသွားလို့ တစ်ဖက် သုံးဂိုးစီနဲ့သာ ပြီးဆုံးသွားပါတယ်။

play

 

အုပ်စုအတွင်း အဆင့်-၃ သာရခဲ့ပေမယ့် ဒီနှစ်ပြိုင်ပွဲရဲ့ စည်းမျဉ်းအရ အကောင်းဆုံး အုပ်စုတတိယ လေးသင်းက ၁၆ သင်းအဆင့်ကို တက်မှာဖြစ်လို့ ပေါ်တူဂီလည်း နောက်တဆင့် တက်ခွင့်ရခဲ့ပါတယ်။

play

 

တစ်ဖက်က ပွဲမှာတော့ အိုက်စလန်က သြစတြီးယားကို အနိုင်ရခဲ့လို့ အုပ်စုဒုတိယနဲ့ နောက်တဆင့်တက်သွားပါတယ်။

Source : Goal/ Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ