Euro 2016: ဂရိဇ်မန်းကြောင့် ပြင်သစ်ကွာတားဖိုင်နယ်တက်ပြီး အင်္ဂလန်နှင့် ရင်ဆိုင်ရဖွယ်ရှိ

အိုင်ယာလန်က ဦးဆောင်ဂိုး အရင်ရခဲ့ပေမယ့် ဂရိဇ်မန်းရဲ့ ဂိုးတွေကြောင့် ပြိုင်ပွဲကို နှုတ်ဆက်လိုက်ရပါတယ်။

play

 

အိမ်ရှင် ပြင်သစ်အသင်းနဲ့ အိုင်ယာလန်တို့ရဲ့ ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ ဂရိဇ်မန်းရဲ့ ဂိုးနှစ်ဂိုးနဲ့ ပြင်သစ်အသင်းက ကွာတားဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

  play

 

အိုင်ယာလန်အသင်းက ဦးဆောင်ဂိုး အရင်ရခဲ့ပေမယ့် ပြင်သစ်အသင်းရဲ့ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို မဟန့်တားနိုင်ခဲ့ပါဘူး။

play

 

ပြင်သစ်အသင်းက ပေယက်၊ ဂျီရော့ဒ်နဲ့ ဂရိဇ်မန်းတို့ကို တိုက်စစ်အတွက် ပွဲထွက်စေခဲ့ပါတယ်။ မမျှော်လင့်ထားတဲ့ ဖြစ်ရပ်ကတော့ ပွဲစပြီး နှစ်မိနစ်အကြာမှာတင် အိုင်ယာလန်အသင်း ပင်နယ်တီနဲ့ ဦးဆောင်ဂိုး ရခဲ့တာပါပဲ။ ပွဲစပြီး တစ်မိနစ် ကျော်ကျော်မှာ ရတဲ့ ပင်နယ်တီကို အိုင်ယာလန် ကစားသမား ဘရက်ဒီက သွင်းယူလို့ ဦးဆောင်ဂိုး ရခဲ့ပါတယ်။

play
play


စောစောစီးစီး မမျှော်လင့်ပဲ ဦးဆောင်ဂိုး ပေးလိုက်ရပေမယ့် တစ်ပွဲလုံးကိုတော့ ပြင်သစ်အသင်းကပဲ ဖိအားပေးကစားခဲ့တာဖြစ်ပြီး အိုင်ယာလန် ဂိုးပေါက်ကို ၂၆ ကြိမ်တိတိ ခြိမ်းခြောက်ခဲ့တာဖြစ်ပါတယ်။ ပထမပိုင်း ပြင်သစ်အသင်း ဂိုးမရခဲ့ပေမယ့် ဂိုးရဖို့ အနီးစပ်ဆုံး အခွင့်အရေး ၅ ကြိမ်ထက်မနည်း ရခဲ့ပါသေးတယ်။

play

 

ဒုတိယပိုင်းမှာ ကန်တေအစား ကိုးလ်မန်း လူစားဝင်လာပါတယ်။ ဒုတိယပိုင်း ပြန်စပြီ ၁၂ မိနစ်အကြာမှာပဲ ပြင်သစ်အသင်း ချေပရဂိုးရခဲ့ပါတယ်။ ဆက်ဂ်နာရဲ့ ဖြတ်တင်ဘောကို အသလက်တီကို ကစားသမား ဂရိဇ်မန်းက ခေါင်းတိုက်သွင်းယူလိုက်တာ ဖြစ်ပါတယ်။

play

 

ကစားပွဲရဲ့ အလှည့်အပြောင်းဟာ သုံးမိနစ်အတွင်း ဖြစ်ခဲ့တာပါ။ ချေပဂိုးရပြီး သုံးမိနစ်အကြာမှာ ပြင်င်သစ်အသင်း အနိုင်ဂိုးထပ်ရခဲ့ပါတယ်။ တိုက်စစ်မှူး ဂျီရော့ဒ် ဖန်တီးပေးတဲ့ ဘောလုံးကို ဂရိဇ်မန်းက မြေလှိမ့်ဘော သွင်းယူလိုက်လို့ အနိုင်ဂိုးရခဲ့တာဖြစ်ပါတယ်။

play

 

နောက်ထပ် ငါးမိနစ်အကြာမှ အိုင်ယာလန် ဘက်က ဒက်ဖီအနီကတ် ပြခံရတဲ့အတွက် ပြင်သစ်အသင်းအတွက် အနိုင်ဟာ ပိုပြီးသေချာသွားခဲ့ပါတယ်။

play

 

ပွဲပြီးခါနီးမှာ ပြင်သစ်အသင်း ဂိုးရဖို့ အခွင့်အရေးတွေ ထပ်ရခဲ့သေးပြီး ဂရိဇ်မန်း ဟက်ထရစ်ရဖို့ နီးစပ်ခဲ့ပါသေးတယ်။ ကွာတားဖိုင်နယ်တက်သွားပြီဖြစ်တဲ့ ပြင်သစ်က အင်္ဂလန်နဲ့ အိုက်စလန်ပွဲစဉ်က အနိုင်ရတဲ့ အသင်းနဲ့ တွေ့ရမှာ ဖြစ်ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ