Euro 2016: ပြင်သစ်အသင်းကို အနိုင်ရစေခဲ့တဲ့ နောက်ကွယ်က တွန်းအားများ

ပြင်သစ်အသင်းက ကွာတားဖိုင်နယ်မှာ အင်္ဂလန်နဲ့ တွေ့ရဖို့များပါတယ်။

play

 

ယူရို ၁၆ သင်းရှုံးထွက်အဆင့်မှာ ပြင်သစ်အသင်းက အိုင်ယာလန်ကို အနိုင်ရပြီးနောက် ပြင်သစ်လက်ရွေးစင် အချို့က မိသားစုဝင်တွေနဲ့ ကွင်းနံဘေးမှာ အောင်ပွဲခံခဲ့ကြပါတယ်။

play

 

မီဒီယာတွေက ပြင်သစ်အသင်း အနိုင်ရဖို့ ဖြစ်စေခဲ့တဲ့ တွန်းအားတွေဆိုပြီး လက်ရွေးစင် ကစားသမားတွေရဲ့ ချစ်သူ၊ ဇနီးနဲ့ မိသားစုဝင်တွေကို ညွှန်းဆိုခဲ့ပါတယ်။

play

 

ပွဲစပြီး ၂ မိနစ်မှာတင် ပြင်သစ်အသင်းက အိုင်ယာလန်ကို ပင်နယ်တီကတဆင့် အဖွင့်ဂိုး ပေးခဲ့ရပေမယ့် ဒုတိယပိုင်းမှာ ပြန်သွင်းယူတဲ့ ဂရိဇ်မန်းရဲ့ ဂိုးနှစ်ဂိုးကြောင့် အနိုင်ရခဲ့တာဖြစ်ပါတယ်။

play

 

ပြင်သစ်လက်ရွေးစင်တွေဖြစ်တဲ့ ကင်စလေး၊ ဆက်ဂ်နာ၊ ပေယက်၊ ရှနိုက်ဒါလင်တို့ရဲ့ ချစ်သူတွေအားလုံး ပွဲကစားနေစဉ်အတွင်း ပွဲကြည့်စင်မှာ အားပေးခဲ့ရုံသာမက ပွဲပြီးတော့လည်းကွင်းထဲဆင်းပြီး အောင်ပွဲခံခဲ့ကြပါတယ်။

play

 

အင်္ဂလန်လိုအသင်းလိုပဲ ပြင်သစ်လက်ရွေးစင်အသင်းကိုလည်း ပြိုင်ပွဲဝင်နေစဉ်မှာ မိသားစုဝင်တွေ၊ ချစ်သူတွေနဲ့ တွေ့ဆုံခွင့် ကန့်သတ်ထားတာကြောင့် ရတဲ့အချိန်မှာ တွေ့ခဲ့ကြတာဖြစ်ပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ