Euro 2016: လက်ရှိ ချန်ပီယံစပိန်ကို အီတလီ အနိုင်ယူပြီး ကွာတားဖိုင်နယ်တက်

၂၀၁၂ ခုနှစ်က ဗိုလ်လုပွဲရှုံးကြွေးကို အီတလီ ပြန်ဆပ်နိုင်ခဲ့ပါတယ်။

play

 

လက်ရှိချန်ပီယံ စပိန်အသင်းကို အီတလီက ၂၀၁၂ ဗိုလ်လုပွဲ ရှုံးကြွေး ဆပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ အီတလီက ကွာတားဖိုင်နယ်မှာ ဂျာမနီနဲ့ ရင်ဆိုင်ရမှာပါ။

play

 

အီတလီအသင်း တိုက်စစ်ကို ဆောက်သမ်တန်တိုက်စစ်မှူး ပယ်လီဦးဆောင်ခဲ့ပြီး အီဒါက အားဖြည့်ပေးခဲ့ပါတယ်။ စပိန်အသင်း ကွင်းလယ်မှာ နိုလီတို၊ ဆေးလ်ဗားတို့ ထုံးစံအတိုင်း ပါဝင်ခဲ့ပြီး တိုက်စစ်ကိုတော့ မိုရာတာ ဦးဆောင်ခဲ့တာပါ။

ပွဲစကတည်းက အီတလီအသင်းဟာ စပိန်ဘက်ကို ဖိအားပေးနိုင်ခဲ့ပြီး မန်ယူဂိုးသမား ဒီဂီယာ လက်စွမ်းပြနေလို့သာ အီတလီ စောစောစီးစီး ဂိုးမရခဲ့တာပါ။ ပွဲချန် ၉ မိနစ်မှာ ရတဲ့ ပြစ်ဒဏ်ဘောကို အီတလီတိုက်စစ်မှူး ပယ်လီအပိုင်ခေါင်းတိုက်ပေမယ့် ဂိုးသမား ဒီဂီယာ လက်စွမ်းပြ ကာကွယ်ခဲ့ပါတယ်။

play

 

နောက်ထပ် နှစ်မိနစ်အကြာမှာ အီတလီကစားသမား ဂီယာချီရီနီရဲ့ ကန်ချက်ကိုလည်း ဂိုးသမား ဒီဂီယာကာကွယ်ခဲ့ရပြန်ပါတယ်။

မိနစ် ၂၀ ကျော်မှာ စပိန်အသင်း တိုက်စစ်ဆင်မှုအချို့ ပြုလုပ်နိုင်ခဲ့ပေမဲ့ အီတလီအသင်းလောက် ဂိုးပေါက်မခြိမ်းခြောက်နိုင်ခဲ့ပါဘူး။ အထူးသဖြင့် ဒီနေ့ ပွဲစဉ်မှာ စပိန်အသင်းရဲ့ ကစားပုံဟာ အရင်ခြေစွမ်းမျိုးမှာ ရှိမနေခဲ့တာ တွေ့ရပါတယ်။ ၃၃ မိနစ်မှာတော့ ပြစ်ဒဏ်ဘောကတစ်ဆင့် အီတလီအဖွင့်ဂိုးရသွားပါတယ်။

play
play

 

အီဒါရဲ့ ပြစ်ဒဏ်ကန်ချက်ကနေ ဒီဂီယာဆီက ပြန်ထွက်လာတဲ့ ဘောလုံးကို ချီလီနီက ပိတ်သွင်းယူလိုက်တာ ဖြစ်ပါတယ်။ ဂီယာချီနီရဲ့ ကန်ချက်ကို ပထမပိုင်းပြီးခါနီးမှာ ဒီဂီယာ အသည်းအသန် ကာကွယ်ခဲ့ရပါသေးတယ်။

ဒုတိယပိုင်းမှာ စပိန်အသင်း ပြန်လည်ဖိအားပေးနိုင်ခဲ့ပေမဲ့ ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ဆေးလ်ဗားနဲ့ အင်နီယေစတာတို့ ဖန်တီးမှုတွေ သိပ်မလုပ်နိုင်ခဲ့လို့ တိုက်စစ်ဟာ အသက်မဲ့ခဲ့ရပါတယ်။ မိနစ် ၇၀ ပတ်ဝန်းကျင်မှာ အီတလီ ကစားအား ကျလာပေမဲ့ ခံစစ်ကိုတော့ ဂိုးမပေးရအောင် ဆက်ထိန်းနိုင်ခဲ့ပါတယ်။

play

 

စပိန်ရဲ့ အပိုင်ကန်သွင်းချက် နှစ်ကြိမ်ခန့်ကို အီတလီဂိုးသမား ဘူဖွန်ကာကွယ်နိုင်ခဲ့ပါသေးတယ်။ ပွဲချိန် ၉၀ မိနစ်မှာ အီတလီ မမျှော်လင့်ဘဲ နောက်တစ်ဂိုး ရသွားပါတယ်။ ဘယ်ခြမ်းက ညာခြမ်းကို ပေးပို့လိုက်တဲ့ဘောလုံးကို ဒါမီယန်ဆွဲယူလာပြီး ကန်သွင်းရာမှာ လူထိကာ ပယ်လီရဲ့ ရှေ့တည့်တည့်ကို ရောက်သွားပါတယ်။

play

 

ပယ်လီက လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းလိုက်လို့ အီတလီ ဒုတိယဂိုးရပြီး နိုင်ပွဲရခဲ့ပါတယ်။

Source : Goal/ The Guardain

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ