Euro 2016: အီတလီ ပင်နယ်တီ ၄ ကြိမ်လွဲပြီး ဂျာမနီကို ရှုံးနိမ့်

အီတလီကို ဂျာမနီရှုံးကြွေးဆပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

play

၂၀၁၂ ခုနှစ်တုန်းကယူရိုရှုံးကြွေးကို ဂျာမနီအသင်း ကြေအောင်ဆပ်နိုင်ခဲ့ပြီး ဆီမီးဖိုင်နယ်တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒါဟာ ၁၉၇၀ နောက်ပိုင်း အဓိကပြိုင်ပွဲတွေမှာ အီတလီကို ဂျာမနီက မနိုင်သေးတဲ့ စံချိန်ကိုလည်း ချိုးဖျက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဂျာမနီအသင်းဘက်မှာ တိုက်စစ်ကို ဂိုမက်ဇ်နဲ့ မူလာတို့ ဦးဆောင်ခဲ့ပြီး အီတလီအသင်း တိုက်စစ်မှာ ထုံးစံအတိုင်း ပယ်လီနဲ့ အီဒါတို့ပါဝင်ခဲ့ပါတယ်။

play

 

ပွဲစကတည်းက အီတလီအသင်းဘက်ကို ဂျာမနီဖိအားပေးဖို့ ကြိုးစားခဲ့ပြီး ပွဲချိန် ၂ မိနစ်မှာ ဂိုးရဖို့နီးစပ်ခဲ့ပါသေးတယ်။ အဲဒီကစလို့ ဂျာမနီက ဘောလုံးအသာစီးနဲ့ အီတလီကို ထိုးဖောက်ဖို့ ကြိုးစားခဲ့တာပါ။ အီတလီအသင်း ခံစစ်အမှားအယွင်းမလုပ်ခဲ့လို့သာ စောစောစီးစီး ဂိုးမပေးခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၁၆ မိနစ်လောက်မှာ ဂျာမနီကွင်းလယ်ကစားသမား ခီဒီယာ ဒဏ်ရာရသွားတဲ့အတွက် ရှဝိန်းစတိုင်ဂါ လူစားဝင်လာခဲ့ပါတယ်။ ပွဲချိန် ၂၀ မိနစ်လောက်မှာ ဂျာမနီတိုက်စစ်မှူး ဂိုမက်ဇ်အပိုင်ဂိုးသွင်းခွင့်ရဖို့ နီးစပ်ခဲ့သေးပေမယ့် ဟန်ချက်ပျက်သွားလို့ သေသေချာချာ ကန်ခွင့် မရခဲ့ပါဘူး။

play

 

ပထမပိုင်တစ်ပိုင်းလုံးမှာ အီတလီအသင်းရဲ့ တိုက်စစ်ကစားပုံကို သေချာမမြင်ခဲ့ရပဲ ဂျာမနီရဲ့တိုက်စစ်ကိုသာ ကာကွယ်ရင်း အချိန်ကုန်နေခဲ့ရပါတယ်။ ပွဲကို အသက်ဝင်စေမယ့် ဂိုးကိုစရသွားတာကတော့ ဂျာမနီဖြစ်ပါတယ်။ တိုက်စစ်မှူး ဂိုမက်ဇ်ဘယ်ခြမ်းကနေ အီတလီဂိုးဧရိယာထဲ ဖြတ်တင်လိုက်တဲ့ဘောလုံးဟာ ကွင်းလယ်ကစားသမား ဟက်တာရဲ့ခေါင်းပေါ်ကိုကျော်ပြီး နောက်ကပြေးဝင်လာတဲ့ အိုဇေးရဲ့ရှေ့ကိုရောက်သွားပါတယ်။

play

 

 အီတလီနောက်ခံလူတွေ တားနေတဲ့ ကြားထဲက အိုဇေးပိတ်သွင်းယူလိုက်တာပါ။

play

 

အဖွင့်ဂိုးရသွားပေမယ့် ဂျာမနီအသင်းဘက်က အီတလီကို ဆက်လက်ဖိအားပေးနိုင်ခဲ့ပြန်ပါတယ်။ ဒါပေမယ့် ပွဲကို အလှည့်အပြောင်းဖြစ်စေမယ့်အခြေအနေဟာ ၇၈ မိနစ်မှာဖြစ်လာပါတယ်။

play

 

ဂိုးဧရိယာထဲကျလာတဲ့ဘောလုံးကို ဂျာမနီနောက်ခံလူဘိုတန်း လက်နဲ့ထိသလို ဖြစ်ခဲ့တဲ့အတွက် ပင်နယ်တီပေးခဲ့ရပြီး ဒီပင်နယ်တီကို အီတလီကစားသမား ဘိုနူချီကသွင်းယူခဲ့တာပါ။

play

အချိန်ပို ဆက်ကစားခဲ့တဲ့ မိနစ် ၃၀ အတွင်းမှာလည်း ဂျာမနီအသင်းသာက တောက်လျှောက်ဖိအားပေး ကစားခဲ့တာဖြစ်ပါတယ်။ အချိန်ပို ဒုတိယပိုင်းမှာ ဂျာမနီဘက်က အိုဇေးအပါအဝင် အခြားကစားသမားတွေလည်း ဂိုးသွင်းဖို့ အခွင့်အရေး ရခဲ့ပါသေးတယ်။ ဒါပေမယ့် အီတလီခံစစ်က အတော်ကို အမှားအယွင်းကင်းကင်းနဲ့ ကစားနိုင်ခဲ့တာဖြစ်ပါတယ်။

play

အချိန်ပိုမှာလည်း ဂိုးထပ်မသွင်းနိုင်တော့လို့ ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပါတယ်။ ပင်နယ်တီ ပထမဆုံး ငါးလုံးကန်သွင်းရာမှာ တစ်ဖက်ကို သုံးကြိမ်စီ ဂိုးမဝင်ခဲ့ကြလို့ နောက်ထပ် ပင်နယ်တီအဆုံးအဖြတ်တွေ ခံယူခဲ့ရပါတယ်။ ကိုးကြိမ်မြောက် ပင်နယ်တီမှာ အီတလီလွဲခဲ့ပြီး ဂျာမနီ ဂိုးရခဲ့လို့ ဂျာမနီပဲ နောက်တဆင့် တက်ခဲ့ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ